ကင်ဆာရောဂါခံစားနေရတဲ့အပြင် အခု အနံ့ပါပျောက်သွားရှာတဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီ
|ကင်ဆာရောဂါခံစားနေရတဲ့အပြင် အခု အနံ့ပါပျောက်သွားတာကြောင့် အားငယ်ဝမ်းနည်းကာငိုနေရှာတဲ့ ဇာတ်ပို့ သရုပ်ဆောင်နွယ်နီ
ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးကြပ်တည်းမှုတွေနဲ့ တစ်ကျော့ပြန်ရောက်ရှိလာတဲ့ ကိုဗစ် တတိယလှိုင်းရဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူအတော်များများ ဆင်းရဲဒုက္ခခံစားနေကြရပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် စီးပွားရေးကြပ်တည်းမှုတွေကြောင့် စားဝတ်နေရေးခက်ခဲနေကြပြီး လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အကူအ
ညီတောင်းခံနေကြရတဲ့ ပို့စ်တွေအများအပြားတွေ့နေရပါတယ်။
မြန်မာရုပ်ရှင်ဇာတ်ကားအတော်များများမှာ ဇာတ်ပို့၊ဇာတ်ရံတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ နွယ်နီဟာလည်း အခုကာလကြီးမှာ အဆင်မပြေမှုတွေဖြစ်နေတယ်လို့သိရပါတယ်။
သူမဟာ ကင်ဆာရောဂါကိုလည်းခံစားနေရပြီး အနံ့ပါပျောက်သွားတဲ့အတွက် ကိုဗစ်ကိုစိုးရိမ်ပူပန်နေကာ ၀မ်းနည်းအားငယ်နေတယ်လို့သိရပါတယ်။
စားဝတ်နေရေးအတွက်လည်း အသုပ်လေးရောင်းကာဖြေရှင်းနေရပြီး စီးပွားရေးကြပ်တည်းနေတာဖြစ်ပါတယ်….။
ဒီအကြောင်းအရာလေးကို သရုပ်ဆောင်မေနွယ်ထွန်းဟာ သူမရဲ့ Facebookစာမျက်နှာမှာ “အားလုံးပဲ ဒီအမကို သိကြမှာပါနော်မနွယ်နီက ကျရာနေရာမှာ
ပီပြင်စွာ သရုပ်ဆောင် တတ်တဲ့သရုပ်ဆောင်တဦးလဲ ဖြစ်ပါတယ်။ အခုတော့ အသုပ်စုံလေးရောင်းနေရှာတာပါ။
အမက ကင်ဆာရောဂါဝေဒနာကို ခံစားနေရတဲ့အပြင်အခုသူ အနံ့ပါပျောက်နေလို့ အားငယ်ပြီး ငိုနေရှာတာ တကယ်စိတ်ကို မကောင်းဘူး။သူ့အတွက် ဆွိ
အလှူငွေလေးပေးလိုက်ပါတယ်နော်
အခုမှသူ ဆေးခန်းသွားပြရမှာပါဆွိ အကောင့်ထဲက အနုပညာမောင်နှမတွေကိုအလှူခံပါရစေရှင်နိုင်သလောက်လေး ပါဝင်ကူညီပေးကြပါဦး
အနည်း အများမဆို သဒ္ဒါသလောက်လေးဆို ရပါတယ်ရှင် သူ့ Wave လဲ ထည့်ပေးထားပါတယ်ရှင် 09448055874 အဲ့အမဖုန်းပါ။အလှူရှင်များ ကျန်းမာ
ချမ်းသာကြပါစေ” ဆိုပြီးရေးသားမျှဝေထားတာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။