ကမ္ဘာမြေကနေ အလင်းနှစ်ပေါင်း ၂၀.၄ ဝေးကွာတဲ့ နေရာမှာ ကမ္ဘာနဲ့ဆင်တူတဲ့ ဂြိုလ်တွေ့ရှိ
|ဒီတစ်ခါဖော်ပြပေးချင်တာကတော့ မိမိတို့နေထိုင်တဲ့ ကမ္ဘာမြေကြီးကနေ အတော်ဝေးဝေးမှာ တည်ရှိနေတဲ့ ဂြိုလ်ကြီးတွေထဲကမှ ထူးဆန်းပြီး ကမ္ဘာနဲ့ဆင်တူတဲ့ ဂြိုလ်ြ
ကီးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဂြိုလ်ကြီးကတော့ Gliese 581d လို့ အမည်ရပြီး ကမ္ဘာမြေကနေ 20.4 အလင်းနှစ် အကွာအဝေးမှာ တည်ရှိတယ်ဆိုတော့ အေ
တ်ာလေးကို ဝေးကွာတယ်လို့ ပြောလို့ရပါတယ်။
ဒီဂြိုလ်ကြီးကိုတော့ ချီလီနိုင်ငံကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဒီဂြိုလ်ကြီးနဲ့ ပတ်သက်တဲ့ ထူးထူးဆန်းဆန်း အချက်အလက်တွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။ Gliese
581dဂြိုလ်ကြီးရဲ့ တစ်နှစ်တာမှာ ရက်ပေါင်း ၆၆ရက်ပဲရှိပြီး သူ့မှာ ကိုယ်ပိုင်နေရှိပါတယ်။ ဒါကြောင့် ဂြိုလ်ကြီးဟာ အဲ့ဒီ နေကို ပတ်နေတာလည်း ဖြစ်ပါတယ်။ သိပ္ပံ
ပညာရှင်တွေဟာ ဆက်လက်ပြီး ရှာဖွေစူးစမ်းလေ့လာခဲ့ရာမှာတော့ ဒီဂြိုလ်ကြီးဟာ လူတွေ နေထိုင်ဖို့လည်း သင့်တော်ပြီး ရေတွေလည်းရှိတယ်လို့ သိရှိရပါတယ်။
သိပ္ပံပညာရှင်တွေ လေ့လာချက်အရ Gliese 581d ရဲ့လေထုနဲ့ အပူချိန်ဟာလည်း ကမ္ဘာနဲ့ မကွာခြားပါဘူး။ တချို့ပညာရှင်တွေရဲ့အမြင်ကတော့ တခြားသော သက်
ရှိတွေပါ ရှိမယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် ဒီဂြိုလ်နဲ့ ပက်သတ်တဲ့ တချို့သော ဓာတ်ပုံတွေကိုလည်း ဗဟုသုတရစေရန်အတွက် ဖော်ပြပေး လိုက်ပါတယ်။
Gliese 581d အပြင် Gliese 581g ဆိုပြီးလည်းရှိပါသေးတယ်။ Gliese 581g ဟာ ကမ္ဘာထက် ၃ဆပိုကြီးပြီး Gliese 581d ထက်ကမ္ဘာနဲ့ ပိုဆင်တူပါတယ်။
သတင်းအရင်းမြစ်: Space.com