





စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ကာမိုင်းမြို့အဝင်ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံး ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကားမိုင်းမြို့အဝင်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ဂိတ်တစ်ခုအား ကာမိုင်း PDF မှာ ယနေ့ ဇူလိုင်လ

နံနက် ၇ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသည်ဟု ‌ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးစာရင်း အတိအကျကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓါတ်ပုံ – မိုင်းခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီ ဂိတ်

Add a Comment

Your email address will not be published. Required fields are marked *