ကိုထက်ကိုဦး အလောင်းလာထုတ်ပါလို့ ပြောတယ်ဆိုတဲ့ကိစ္စ အခုထိ မိသားစု ဘာမှမသိရသေး
|ကိုထက်ကိုဦး အလောင်းလာထုတ်ပါလို့ ပြောတယ်ဆိုတဲ့ကိစ္စ အခုထိ မိသားစု ဘာမှမသိရသေး
ဇူလိုင် ၃၀ ရက်နေ့က မြန်မာ့အသံနဲ့ မြဝတီတို့တွင် ကြေညာခဲ့တဲ့ ရွှေနန်းတော်ရွှေဆိုင်ကို ဗုံးဖောက်ခွဲကာ လုယူခဲ့ သူများဟုဆိုကာ လူငယ် ၃၀ ကို ပြသခဲ့ပါတယ်။
အဲဒီလူငယ်တွေထဲမှာ ကိုထက်ကိုဦးလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကို ထက်ကိုဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့လို့ေ
သဆုံးသွားပြီး မိသားစုဝင်တွေကို အလောင်းလာထုတ်ဖို့ အကြောင်းကြားခဲ့တယ်လို့ Burmese Revolution Solutions- BRS Team စာမျက်နှာက သတင်းတစ်ခုကို တင်ခဲ့ပါတယ်။
အခုသတင်းနဲ့ ပတ်သက်ပြီး သေချာအောင် မိသားစုဝင်တွေကို Burma VJ က ဆက်သွယ်မေး မြန်းကြည့် တဲ့အခါမှာတော့ မိသားစုဝင်တွေက သူတို့မသိေ
သးတဲ့အကြောင်းနဲ့ ဘယ်သူကမှ ဆက်သွယ် လာတာမရှိတဲ့ အကြောင်း အခုလိုဖြေဆိုပါတယ်။
မေး။ ။ ကိုထက်ကိုဦး အလောင်းလာထုတ်ခိုင်းတယ်ဆိုလို့လေ၊ အဲဒါ ဘယ်တုန်းက ဘယ်သူက လာထုတ်ခိုင်းတာလဲရှင့်
ဖြေ။ ။ အလောင်းလာထုတ်ပါဆိုပြီး မိသားစုကို ဆက်သွယ်တာမရှိပါဘူးရှင့်။ ညီမတို့ကလည်းလိုင်းပေါ်မှာ သူများတင်မှ တွေ့တာပါ။ မိသားစုကို လုံးလုံး မ
ဆက်သွယ်သေးဘူး၊ ညီမတို့လည်း ဘာလုပ်လို့ လုပ်ရမှန်း လဲမသိဘူးဖြစ်နေတယ် ။ ဘုရင့်နောင်ကို သွားထုတ်ရမလိုလို ဘာလိုလိုတွေတော့ပြောနေကြ
တာပဲ။ ညီမတို့တော့ ဘာမှ မသိသေး ပါဘူး။
မေး။ ။ သူ့ကို ဘယ်နေ့ကဖမ်းသွားတာလဲ သိလား
ဖြေ။ ။ အဲ့ဒါလဲ ညီမတို့အတိအကျမသိပါဘူးရှင့်၊ ညီမတို့က နယ်မှာနေတာပါ ။ သူက ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုတက်သွား ပြီးတော့ အခုလိုဖြစ်သွားတာ။
မေး။ ။ သူအဖမ်းခံနေရတယ်ဆိုတဲ့ အကြောင်းဘယ်အချိန်မှာ သိတာလဲ
ဖြေ။ ။ ၁ ရက်နေ့ကျမှသိရတယ်၊ ကျမတို့လည်း တီဗွီသတင်းကို မကြည့်ဖြစ်ဘူး၊ ၁ ရက်နေ့မှာ သူများကလိုင်း ပေါ်တင်လိုက်မှ သိတာ။
မေး။ ။ ကို ထက်ကိုဦးဆုံးသွားတဲ့ အကြောင်းကို ဘယ်သူက စတင်လိုက်တာလဲ
ဖြေ။ ။ Page တစ်ခုကတင်ထားတာပါ၊ Burmese Revolution Solutions- BRS Team ဆိုတဲ့ Page ကပါ။
မေး။ ။ မောင်ထက်ကိုဦးအသက်က ဘယ်လောက်ရှိပြီလဲ
ဖြေ။ ။ အသက်က ၂၂ နှစ်ပါ။
မေး။ ။ ရန်ကုန်မှာဘာအလုပ်လာလုပ်တာလဲ
ဖြေ။ ။ ရန်ကုန်ကို စက်ရုံဆင်းမယ်ဆိုပြီးသွားတာ၊ ဟိုရောက်တော့ သူအလုပ်မရသေးဘူးလို့ပဲပြောတယ်။
မေး။ ။ ရန်ကုန်မှာ အလုပ်လုပ်ဖို့အတွက်သူ ဘယ်အချိန်ကထွက်သွား တာလဲ
ဖြေ။ ။ ၅လပိုင်း ၁၆ ရက်နေ့က ထွက်သွားတာ။ မိသားစုကို ဘာအကြောင်းမှ မပြောပြဘူး။
မေး။ ။ သူဆုံးတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်သူတွေဆီမှာ မေးမြန်း စုံစမ်းထားတာရှိလဲ
ဖြေ။ ။ ကျွန်မတို့ ဘယ်သူ့ဆီကို ဆက်သွယ်ရမလဲဆိုတာမသိဘူး၊ သူ့ သူငယ်ချင်းတွေကိုတော့ ဝိုင်းစုံစမ်းပေးဖို့ အကူအညီတောင်းထားတယ်။ သူ့ သူငယ်ချ
င်းတွေကလည်းစုံစမ်းပေးနေပါတယ်။
ဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ source- Burma VJ