ကိုဗစ်ကြောင့် လောလောလတ်လတ် မိဘတွေကို ဆုံးရှုံးလိုက်ကြရတဲ့ MRTV 4 ဇာတ်လမ်းတွဲမှ သရုပ်ဆောင် အနုပညာရှင်သုံးဦး…!
ပရိတ်သတ်ကြီးရေ MRTV 4 ရဲ့ဇာတ်လမ်းတွဲမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ စိုပြေမြင့် သွန်းသစ္စာဇော်နဲ့ ဝိုင်းရွှေရည်တို့ဟာဆိုရင်
ပရိတ်သတ်ချစ်ခင်အားပေးမှုနဲ့ အောင်မြင်မှုတွေကို အသီးသီးရရှိထားကြတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်.။
သူတို့သုံးယောက်ဟာဆိုရင် “ရတနာထဲကရတနာ ” ဇာတ်လမ်းတွဲမှာဆိုရင်လည်း တကယ်ကိုသရုပ်ကောင်းပြီး
အပေးအယူမျှတစွာနဲ့ကျတဲ့ ဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ကြလို့ ပရိတ်သတ်တွေရဲ့
ပါးစပ်ဖျားမှာပါ ပြောစမတ်တွင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ခဲ့ပါသေးတယ်နော်။
စိုပြေမြင့် သွန်းသစ္စာဇော်နဲ့ ဝိုင်းရွှေရည်တို့ရဲ့မိဘတွေဟာ ယခုဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့်
လောကကြီးကနေ နှုတ်ဆက်ထွက်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်နော်။
စိုပြေမြင့်ရဲ့ဖခင် သွန်းသစ္စာဇော်ရဲ့မိခင်နှင့် ဝိုင်းရွှေရည်ရဲ့ မိခင်တို့ဟာ ကိုဗစ်ကြောင့်
ချစ်တဲ့မိသားစုလေးတွေကို ထားခဲ့ပြီးထွက်ခွါသွားခဲ့ကြတာပဲ ဖြစ်ပါတယ်နော်။
ရက်စက်လွန်းတဲ့ ဒီရောဂါကပ်ဆိုးကြီး အမြန်ဆုံးပီးဆုံး ပျောက်ကွယ်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
ချစ်တဲ့ပရိတ်သတ်ကြီးကလည်း မိဘတွေဆုံးရှုံးသွားကြတဲ့ စိုပြေမြင့် သွန်းသစ္စာဇော်နဲ့ ဝိုင်းရွှေရည်
တို့သုံးယောက်အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါအုံးနော်..။