ကေလး-ဂန႔္ေဂါလမ္းမေပၚတြင္ စစ္ကား ၂ စီး မိုင္းဆြဲခံရ၊
|ကေလး-ဂန႔္ေဂါလမ္းမေပၚတြင္ စစ္ကား ၂ စီး မိုင္းဆြဲခံရ၊
အၾကမ္းဖက္ စစ္ေကာင္စီ စစ္သား ၃၀ ခန႔္ ေသဆုံး
ဂန႔္ေဂါ၊ ၾသဂုတ္ ၁၉
ကေလး-ဂန႔္ေဂါလမ္းမအတိုင္း ကေလးၿမိဳ႕သို႔ ခ်ီတက္လာသည့္စစ္ကား အစီး ၄၀ ေက်ာ္ကို
ဂန႔္ေဂါၿမိဳ႕နယ္ထဲရွိ ကံရြာ ေက်ာက္ဂူေတာရအနီးတြင္
ေဒသခံျပည္သူ႔ကာကြယ္ေရးအင္အားစုမွ မိုင္းဆြဲတိုက္ခိုက္ရာစစ္ကား ၂ စီး ပ်က္စီးသြားခဲ့ၿပီး
အၾကမ္းဖက္ စစ္ေကာင္စီလက္နက္ကိုင္တပ္သား ၃၀ ခန႔္ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။
“မေန႔က ၁ နာရီခြဲေလာက္မွာ ေစာင့္ၿပီး မိုင္းခြဲတိုက္ခိုက္တာပါ။တိုက္ပြဲေတာ့ မျဖစ္ဘူး။
သူတို႔တက္လာတဲ့ အင္အားကမ်ားေတာ့မိုင္းခြဲၿပီးတာနဲ႔ ေျပးရတာ။
ဒါေပမယ့္ မိုင္းေၾကာင့္ သူတို႔ ေတာ္ေတာ္ေသၾကတယ္။
အနည္းဆုံး ၃၀ ေလာက္ကေတာ့ ရွိတယ္”ဟုေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္
တဦးက ေျပာသည္။
မိုင္းခြဲတိုက္ခိုက္ခံရသျဖင့္ စစ္ကား ၃၀ ေက်ာ္သာကေလးၿမိဳ႕ဘက္သို႔ ဆက္တက္သြားၿပီး
က်န္ခဲ့သည့္ စစ္ကားမ်ားသည္ဂန႔္ေဂါၿမိဳ႕နယ္ထဲရွိ ႏွင္းခါးရြာတြင္ ဝင္ေရာက္ တပ္စြဲထားေၾကာင္း၊
ညေနပိုင္းတြင္ ႏွင္းခါးရြာအနီးတြင္ တိုက္ပြဲထပ္ျဖစ္ေၾကာင္း၊
စစ္တပ္က လက္ နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
ႏွင္းခါးရြာ လမ္းမေဘး အိမ္မ်ားမွ ရသမၽွ ပစၥည္းမ်ားကိုယေန႔ နံနက္ပိုင္းတြင္ စစ္ကားမ်ားေပၚသို႔
တင္ေဆာင္ေနေၾကာင္း၊အျခားေက်းရြာမ်ားမွ ပ်ဴေစာထီးမ်ားလည္း ဆိုင္ကယ္ ၁၈ စီးျဖင့္
ႏွင္းခါးရြာထဲတြင္ စစ္တပ္ႏွင့္ ပူးေပါင္းေနေၾကာင္းလည္း သိရွိရသည္။
ယေန႔တြင္ ဂန႔္ေဂါဘက္မွ စစ္ကား ၃၄ စီး ဆက္လက္ခ်ီတက္လာၿပီးဟံသာဝတီေက်းရြာနားသို႔
ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း၊
ကေလး-ဂန႔္ေဂါ ကားလမ္းေဘးရွိ ေက်းရြာတခ်ိဳ႕ မွ ျပည္သူမ်ားမွာေၾကာက္လန႔္သျဖင့္
တိမ္းေရွာင္ေနၾကၿပီ ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ကလေး-ဂန့်ဂေါလမ်းမပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲခံရ၊
အကြမ်းဖက် စစ်ကောင်စီ စစ်သား ၃၀ ခန့် သေဆုံး
ဂန့်ဂေါ၊ သြဂုတ် ၁၉
ကလေး-ဂန့်ဂေါလမ်းမအတိုင်း ကလေးမြို့သို့ ချီတက်လာသည့်စစ်ကား အစီး ၄၀ ကျော်ကို
ဂန့်ဂေါမြို့နယ်ထဲရှိ ကံရွာ ကျောက်ဂူတောရအနီးတွင်
ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစုမှ မိုင်းဆွဲတိုက်ခိုက်ရာစစ်ကား ၂ စီး ပျက်စီးသွားခဲ့ပြီး
အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်တပ်သား ၃၀ ခန့်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“မနေ့က ၁ နာရီခွဲလောက်မှာ စောင့်ပြီး မိုင်းခွဲတိုက်ခိုက်တာပါ။တိုက်ပွဲတော့ မဖြစ်ဘူး။
သူတို့တက်လာတဲ့ အင်အားကများတော့မိုင်းခွဲပြီးတာနဲ့ ပြေးရတာ။
ဒါပေမယ့် မိုင်းကြောင့် သူတို့ တော်တော်သေကြတယ်။
အနည်းဆုံး ၃၀ လောက်ကတော့ ရှိတယ်”ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်
တဦးက ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် စစ်ကား ၃၀ ကျော်သာကလေးမြို့ဘက်သို့ ဆက်တက်သွားပြီး
ကျန်ခဲ့သည့် စစ်ကားများသည်ဂန့်ဂေါမြို့နယ်ထဲရှိ နှင်းခါးရွာတွင် ဝင်ရောက် တပ်စွဲထားကြောင်း၊
ညနေပိုင်းတွင် နှင်းခါးရွာအနီးတွင် တိုက်ပွဲထပ်ဖြစ်ကြောင်း၊
စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နှင်းခါးရွာ လမ်းမဘေး အိမ်များမှ ရသမျှ ပစ္စည်းများကိုယနေ့ နံနက်ပိုင်းတွင် စစ်ကားများပေါ်သို့
တင်ဆောင်နေကြောင်း၊အခြားကျေးရွာများမှ ပျူစောထီးများလည်း ဆိုင်ကယ် ၁၈ စီးဖြင့်
နှင်းခါးရွာထဲတွင် စစ်တပ်နှင့် ပူးပေါင်းနေကြောင်းလည်း သိရှိရသည်။
ယနေ့တွင် ဂန့်ဂေါဘက်မှ စစ်ကား ၃၄ စီး ဆက်လက်ချီတက်လာပြီးဟံသာဝတီကျေးရွာနားသို့
ရောက်ရှိနေပြီ ဖြစ်ကြောင်း၊
ကလေး-ဂန့်ဂေါ ကားလမ်းဘေးရှိ ကျေးရွာတချို့ မှ ပြည်သူများမှာကြောက်လန့်သဖြင့်
တိမ်းရှောင်နေကြပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
source- Khit Thit
source- Khit Thit