က်ိဳက္ထိုတြင္ လိုရာျဖည့္ပရဟိတပိုင္ယာဥ္ မိုင္းဆြဲတိုက္ခိုက္ခံရ
|က်ိဳက္ထိုတြင္ လိုရာျဖည့္ပရဟိတပိုင္ယာဥ္ မိုင္းဆြဲတိုက္ခိုက္ခံရ
မြန္၊ ၾသဂုတ္ ၆
မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္ (သိမ္ဇရပ္ၿမိဳ႕) ဆိုင္းဘုတ္အနီးတြင္ လိုရာျဖည့္လူမႈကူညီေရးအသင္း၏ ယာဥ္တစ္စီး ေမာင္းႏွင္လာစဥ္ ဆြဲမိုင္းျဖင့္ တိုက္ခိုက္ခံခဲ့ရေၾ
ကာင္း အသင္း၏တာဝန္ရွိသူ ကိုေက်ာ္ကိုကို ကဆိုသည္။
ေဖာက္ခြဲခံရသည့္ကားမွာ လိုရာျဖည့္လူမႈကူညီေရးအသင္း၏ အုပ္ခ်ဳပ္မႈယာဥ္ျဖစ္ၿပီး က်ိဳက္ထိုၿမိဳ႕ေပၚေရာက္ေနသည့္ အသင္းသား၂ဦးကို သြားႀကိဳၿပီးျပန္လာစဥ္
ေန႔လယ္ ၁၂နာရီခန႔္တြင္ မိုင္းဆြဲတိုက္ခိုက္ခံရျခင္းျဖစ္သည္။
“ပ်က္ေနတဲ့လူနာတင္ယာဥ္ကို က်ိဳက္ထိုၿမိဳ႕ေပၚမွာ ျပင္တာ မနက္ျဖန္မွၿပီးမယ္ဆိုေတာ့ အသင္းကလူေတြကို ႐ုံးကအုပ္ခ်ဳပ္မႈယာဥ္နဲ႔သြားႀကိဳၿပီး ျပန္လာေတာ့ လမ္း
မွာ မိုင္းဆြဲခံရတာ။ မိုင္းကို အေပၚကေန ႀကိဳးနဲ႔သြယ္ၿပီးေတာ့မွ ေရွာ့တိုက္လိုက္တာ။ မိုင္းခြဲတဲ့သူေတြထိုင္တဲ့ေနရာကို သြားၾကည့္ေတာ့ ကားအသြားအလာျမင္ကြင္း
က ရွင္းတယ္။ ကၽြန္ေတာ္တို႔ကားမွာ ပါတဲ့ တံဆိပ္လည္း ရွင္းလင္းစြာျမင္ရတယ္။ ဒါေၾကာင့္ ရည္ရြယ္ခ်က္ရွိရွိလုပ္တဲ့ပုံစံျဖစ္ဖို႔မ်ားတယ္။” ဟု ကိုေက်ာ္ကိုကိုက ဆိုသည္။
မိုင္းျဖင့္တိုက္ခိုက္ခံရၿပီးေနာက္ ကားေရွ႕ေလကာမွန္ကြဲ၊ ေဘးကာမွန္ႏွစ္ခ်ပ္ကြဲကာ ကားေပၚပါလာသူသုံးဦး မွန္စမွန္သည့္ ဒဏ္ရာမ်ား ရရွိခဲ့သည္။
ရန္ကုန္-ေမာ္လၿမိဳင္လမ္းမႀကီးမွ သိမ္ဇရမ္ၿမိဳ႕သို႔ခ်ိဳးေကြ႕ဝင္သည့္ ေနရာ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မည္သူ႔လက္ခ်က္ျဖစ္ေၾကာင္းကို စုံစမ္းေနဆဲျဖစ္ေၾကာင္း ကိုေက်ာ္
ကိုကို ကဆိုသည္။
ကျိုက်ထိုတွင် လိုရာဖြည့်ပရဟိတပိုင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ
မွန်၊ သြဂုတ် ၆
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် (သိမ်ဇရပ်မြို့) ဆိုင်းဘုတ်အနီးတွင် လိုရာဖြည့်လူမှုကူညီရေးအသင်း၏ ယာဉ်တစ်စီး မောင်းနှင်လာစဉ် ဆွဲမိုင်းဖြင့်
တိုက်ခိုက်ခံခဲ့ရကြောင်း အသင်း၏တာဝန်ရှိသူ ကိုကျော်ကိုကို ကဆိုသည်။
ဖောက်ခွဲခံရသည့်ကားမှာ လိုရာဖြည့်လူမှုကူညီရေးအသင်း၏ အုပ်ချုပ်မှုယာဉ်ဖြစ်ပြီး ကျိုက်ထိုမြို့ပေါ်ရောက်နေသည့် အသင်းသား၂ဦးကို သွားကြို
ပြီးပြန်လာစဉ် နေ့လယ် ၁၂နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
“ပျက်နေတဲ့လူနာတင်ယာဉ်ကို ကျိုက်ထိုမြို့ပေါ်မှာ ပြင်တာ မနက်ဖြန်မှပြီးမယ်ဆိုတော့ အသင်းကလူတွေကို ရုံးကအုပ်ချုပ်မှုယာဉ်နဲ့သွားကြိုပြီး
ပြန်လာတော့ လမ်းမှာ မိုင်းဆွဲခံရတာ။ မိုင်းကို အပေါ်ကနေ ကြိုးနဲ့သွယ်ပြီးတော့မှ ရှော့တိုက်လိုက်တာ။ မိုင်းခွဲတဲ့သူတွေထိုင်တဲ့နေရာကို သွား
ကြည့်တော့ ကားအသွားအလာမြင်ကွင်းက ရှင်းတယ်။ ကျွန်တော်တို့ကားမှာ ပါတဲ့ တံဆိပ်လည်း ရှင်းလင်းစွာမြင်ရတယ်။ ဒါကြောင့် ရည်ရွယ်ချက်
ရှိရှိလုပ်တဲ့ပုံစံဖြစ်ဖို့များတယ်။” ဟု ကိုကျော်ကိုကိုက ဆိုသည်။
မိုင်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ကားရှေ့လေကာမှန်ကွဲ၊ ဘေးကာမှန်နှစ်ချပ်ကွဲကာ ကားပေါ်ပါလာသူသုံးဦး မှန်စမှန်သည့် ဒဏ်ရာများ
ရရှိခဲ့သည်။
ရန်ကုန်-မော်လမြိုင်လမ်းမကြီးမှ သိမ်ဇရမ်မြို့သို့ချိုးကွေ့ဝင်သည့် နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မည်သူ့လက်ချက်ဖြစ်ကြောင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ကို
ကျော်ကိုကို ကဆိုသည်။