ကွတ်ခိုင်မြို့အတွင်းရှိ နေရာ ၃ ခုတွင် ဒေသခံလူငယ်များနှင့် ပရဟိတအဖွဲ့များမှ ကိုဗစ်စစ်ဆေးရေးဂိတ်ဖွင့်ကာ ကာကွယ်ရေး လုပ်ဆောင်နေ
|ကွတ်ခိုင်မြို့အတွင်းရှိ နေရာ ၃ ခုတွင် ဒေသခံလူငယ်များနှင့် ပရဟိတအဖွဲ့များမှ ကိုဗစ်စစ်ဆေးရေးဂိတ်ဖွင့်ကာ ကာကွယ်ရေး လုပ်ဆောင်နေ
ရန်ကုန်၊ ဇူလိုင် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့အဝင်၊ မြို့အထွက်၊ တာမိုးညဲလမ်းတို့တွင် ဒေသခံလူငယ်များနှင့် ပရဟိတအဖွဲ့များမှ စစ်ဆေးရေးဂိတ်သုံးခုဖြင့် ဇူလိုင်လ ၂၈ ရက်မှ စတင်ကာ ကိုဗစ်ကာ
ကွယ်ရေး ပြုလုပ်ထားသည်ဟု သတင်းရရှိသည်။”ကွတ်ခိုင်မြို့ COVIDကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှု” ခေါင်းစဉ်နဲ့ ကွတ်ခိုင်မြို့ပေါ်က တိုင်းရင်းသားလူငယ်တွေအပါအဝင် ပရဟိတအဖွဲ့အ
စည်းတွေ၊ ကွတ်ခိုင် ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး စေတနာဝန်ထမ်းလူငယ် ၃၀ ခန့်က လုပ်ဆောင်နေပြီး ပိုးတွေ့ရှိပါက ပရဟိတအဖွဲ့များမှ ဆေးရုံသို့ ပို့ဆောင်ပေးသည်
ဟု ပါဝင်လုပ်ဆောင်နေသူ လူငယ်တစ်ဦးမှ ပြောသည်။ကွတ်ခိုင်မြို့နယ်အတွင်း မိမိနေအိမ်၌ ကွာရန်တင်း ဝင်နေသောမိသားစုများ၊ အရေးပေါ်လူများအား ထောက်ပံ့ကူညီခြင်းနဲ့ ရောဂါကာကွ
ယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည်များကို ထပ်တိုးလုပ်ဆောင်သွားမည်ဟု သိရသည်။ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်ရေးလှုပ်ရှားရာ
နယ်မြေဖြစ်သလို ၎င်းတို့ချမှတ်ထားသော ကိုဗစ် စည်းကမ်းများနှင့်အညီသာ နေထိုင်သွားလာခွင့်ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှလည်း လူငယ်များ ယခုလို စစ်ဆေးရေးဂိတ်များဖြင့်
လုပ်ဆောင်နေသည့်အပေါ် တားမြစ်ကန့်ကွက်ခြင်းများ မရှိသေးဟု စစ်ဆေးရေးဂိတ်တွင် ကူညီဆောင်ရွက်ပေးနေသူ လူငယ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ကွတ်ခိုင်မြို့နယ်တွင်
ဇူလိုင်၂၄ ရက်ထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၂၇၀ ဦးခန့်ရှိပြီး သေဆုံးသူ ၅ ဦး ရှိသည်ဟု သိရသည်။