ဒက္ခိဏ၊ သြဂုတ် ၁၉
လုပ်ဆောင်လျက်ရှိသည်။
unicode
Breaking News- ထားဝယ်အခြေစိုက် ခလရ ၂၅ မှ စစ်သား ၂၅ ဦး
လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာ
ဒက္ခိဏ၊ သြဂုတ် ၁၉
ထားဝယ်အခြေစိုက်တပ်ရင်း တစ်ခု ဖြစ်သည့် ခလရ ၂၅ တပ်ရင်းမှ စစ်သား ၂၅ ဦး
လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာသွားကြောင်း
ခိုင်လုံသည့်သတင်းအရင်းအမြစ်ထံမှ သိရသည်။
ယနေ့နံနက်စောစောက ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ၂၅ ဦး စွန့်ခွာသွားသည်ကိုသာ
သိရကြောင်း၊ ထွက်ပြေးသူများ၏ ရာထူးအဆင့်များကို မသိရသေးကြောင်း
အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
ယနေ့နံနက်ပိုင်းကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့်
ထားဝယ်မြို့အဝင်အထွက်နေရာများတွင် တင်းကျပ်စွာ စစ်ဆေးရှာဖွေမှုများ
လုပ်ဆောင်လျက်ရှိသည်။
(Dakkhina Insight သည် ရန်ကုန်ခေတ်သစ်၏ မဟာ မိတ် ဖြစ်သည်။)
ဒက္ခိဏ၊ သြဂုတ် ၁၉