ခ်င္းျပည္နယ္က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ၄ ဖြဲ႕ ပူးေပါင္း
|ခ်င္းျပည္နယ္က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ၄ ဖြဲ႕ မဟာမိတ္အျဖစ္ ပူးေပါင္း
ခ်င္းျပည္နယ္ရွိ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ ေလးဖြဲ႕ျဖစ္သည့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕
( CDF မင္းတပ္)၊CDF ကန္ပက္လက္၊ CNO (ဖလမ္း၊ ကေလး၊ ကေဘာ) ႏွင့္ ZFU (တီးတိန္၊ တြန္းဇံ၊ ကေလး)
တို႔သည္မဟာမိတ္အျဖစ္ ပူးေပါင္းလိုက္ေၾကာင္း ဩဂုတ္ ၂၄ရက္ ရက္စြဲ ျဖင့္ထုတ္ျပန္ေၾကညာသည္။
အဆိုပါ အဖြဲ႕ေလးဖြဲ႕မွာ မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္း၏ လက္ေအာက္ခံအဖြဲ႕အျဖစ္ တည္ရွိမည္
မဟုတ္ဘဲ လြတ္လပ္ၿပီး ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ခိုင္မာတိက်သည့္
နိုင္ငံေရးဆိုင္ရာ ရည္မွန္းခ်က္ရွိေသာ အဖြဲ႕မ်ားအျဖစ္ ရပ္တည္သြားမည္ဟု ၎ထုတ္ျပန္ခ်က္တြင္
ေဖာ္ျပထားသည္။
ယင္းအဖြဲ႕ေလးဖြဲ႕ တည္ရွိဖြဲ႕စည္းထားသည့္ ေဒသမ်ားတြင္ ၎တို႔၏ သေဘာထားမပါသည့္ ကိစၥရပ္မ်ား
(၎တို႔ႏွင့္ သက္ဆိုင္သည့္ကိစၥရပ္မ်ားျဖစ္ေသာ္လည္း) ေဆြးေႏြးဆုံးျဖတ္မႈကို လက္ခံမည္မဟုတ္ဟု
၎တို႔ကဆိုသည္။
ဒါ့အျပင္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာင္ေရးအတြက္ ခိုင္မာတိက်သည့္ နိုင္ငံေရးဆိုင္ရာ
ရည္မွန္းခ်က္ရွိသည့္ အဖြဲ႕မ်ားႏွင့္ လက္တြဲေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
စုေပါင္းထားသည့္ အဖြဲ႕ေလးဖြဲ႕သည္ စစ္အာဏာရွင္ က်ဆုံးသည္အထိ သစၥာမပ်က္ အတူတကြ
တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္း ဆိုထားသည္။
crd-
ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း
ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လေးဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့
( CDF မင်းတပ်)၊CDF ကန်ပက်လက်၊ CNO (ဖလမ်း၊ ကလေး၊ ကဘော) နှင့် ZFU
(တီးတိန်၊ တွန်းဇံ၊ ကလေး) တို့သည်မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း ဩဂုတ် ၂၄ရက် ရက်စွဲ
ဖြင့်ထုတ်ပြန်ကြေညာသည်။
အဆိုပါ အဖွဲ့လေးဖွဲ့မှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့အဖြစ်
တည်ရှိမည်မဟုတ်ဘဲ လွတ်လပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်
ခိုင်မာတိကျသည့်နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ရှိသော အဖွဲ့များအဖြစ် ရပ်တည်သွားမည်ဟု
၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအဖွဲ့လေးဖွဲ့ တည်ရှိဖွဲ့စည်းထားသည့် ဒေသများတွင် ၎င်းတို့၏ သဘောထားမပါသည့်
ကိစ္စရပ်များ(၎င်းတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များဖြစ်သော်လည်း) ဆွေးနွေးဆုံးဖြတ်မှုကို
လက်ခံမည်မဟုတ်ဟု ၎င်းတို့ကဆိုသည်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးအတွက် ခိုင်မာတိကျသည့် နိုင်ငံရေးဆိုင်ရာ
ရည်မှန်းချက်ရှိသည့် အဖွဲ့များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကြေညာထားသည်။
စုပေါင်းထားသည့် အဖွဲ့လေးဖွဲ့သည် စစ်အာဏာရှင် ကျဆုံးသည်အထိ သစ္စာမပျက် အတူတကွ
တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
crd-