“ခြဲတာက တစ္ၿပိဳင္တည္း ၄လုံး တြဲဆိုေတာ့ ကားကႏွစ္စီးစလုံးမိလိုက္တာ

ေကာလင္းတြင္ စစ္ေကာင္စီစစ္ကားႏွစ္စီးမိုင္းခြဲခံရၿပီး ႏွစ္ဆယ္ေက်ာ္ေသဆုံး
ေကာလင္း – ဩဂုတ္ ၂၆၊ ၂၀၂၁။

စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕နယ္ သစ္ဆိမ့္ကုန္းေက်းရြာႏွင့္ ေတာင္ေမာ္ရြာၾကား ေကာလင္းလမ္းပိုင္းတစ္ေနရာတြင္ ယေန႔မြန္းလႊဲ ၃နာရီခြဲခန႔္က စစ္ေကာင္စီတပ္၏

စစ္ကား ႏွစ္စီးမိုင္းခြဲခံရၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးႏွင့္အထက္ ေသဆုံးေၾကာင္း သိရသည္။

 

ေကာင္လင္းၿမိဳ႕နယ္၊ ဖလဲေက်းရြာမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄၀ ဦးခန႔္ စီးႏွင္လာသည့္ စစ္ကားႏွစ္စီးကို သစ္ဆိမ့္ကုန္းေက်းရြာႏွင့္ ေတာင္ေမာ္ရြာၾကား၌ ေကာလင္း

(ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕) PDF က မိုင္းခြဲတိုက္ခိုက္ခဲ့ၿပီး စစ္သား ၂၀ ဦးအထက္ေသဆုံးခဲ့သည္ဟု ျဖစ္စဥ္ႏွင့္ နီးစပ္သူတစ္ဦးက The 74 Media ကိုေျပာသည္။

“ခြဲတာက တစ္ၿပိဳင္တည္း ၄လုံး တြဲရက္ဆိုေတာ့ ကားကႏွစ္စီးစလုံးတည္ၿပီး မိလိုက္တာ စကစ ၄၀ ပါတယ္။ ၂၀ ေက်ာ္ေသတယ္” ဟုေျပာသည္။

 

ဖလဲေက်းရြာတြင္ ယမန္ေန႔ည ၉ နာရီဝန္းက်င္၌ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔၏ အေၾကာင္းမဲ့ ပစ္ခတ္မႈေၾကာင့္ ေဒသခံ ျပည္သူတစ္ဦးေသဆုံးခဲ့ရသည္။

ေကာလင္းၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ယာဥ္တန္းကို ဩဂုတ္လ ၂၄ ရက္ေန႔၌လည္း ေကာလင္း PDF တို႔က မိုင္းခြဲတိုက္ခိုက္မႈ ျပဳလုပ္ခဲ့သည္။
================

ကောလင်းတွင် စစ်ကောင်စီစစ်ကားနှစ်စီးမိုင်းခွဲခံရပြီး နှစ်ဆယ်ကျော်သေဆုံး
ကောလင်း – ဩဂုတ် ၂၆၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာကြား ကောလင်းလမ်းပိုင်းတစ်နေရာတွင် ယနေ့မွန်းလွှဲ ၃နာရီခွဲခန့်က

စစ်ကောင်စီတပ်၏ စစ်ကား နှစ်စီးမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးနှင့်အထက် သေဆုံးကြောင်း သိရသည်။

 

ကောင်လင်းမြို့နယ်၊ ဖလဲကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့် စီးနှင်လာသည့် စစ်ကားနှစ်စီးကို သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာ

ကြား၌ ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးအထက်သေဆုံးခဲ့သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက

The 74 Media ကိုပြောသည်။

 

“ခွဲတာက တစ်ပြိုင်တည်း ၄လုံး တွဲရက်ဆိုတော့ ကားကနှစ်စီးစလုံးတည်ပြီး မိလိုက်တာ စကစ ၄၀ ပါတယ်။ ၂၀ ကျော်သေတယ်” ဟုပြောသည်။

ဖလဲကျေးရွာတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦးသေဆုံးခဲ့ရသည်။

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့၌လည်း ကောလင်း PDF တို့က မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
================

crd–

Add a Comment

Your email address will not be published. Required fields are marked *