ခ.လ.ရ ၁၀၆ မွတပ္ဖြဲ႕ဝင္မ်ားကို ေရး PDF မွ ဝင္ေရာက္ပစ္ခတ္

ေရးၿမိဳ႕၊ ေမာ့ကနင္ေက်းရြာတြင္ စစ္ေကာင္စီ၏ ခ.လ.ရ ၁၀၆ မွတပ္ဖြဲ႕ဝင္မ်ားကို ေရး PDF မွ ဝင္ေရာက္ပစ္ခတ္ ရန္ကုန္၊ ၾသဂုတ္ ၂၉

မြန္ျပည္နယ္၊ ေရးၿမိဳ႕ေျမာက္ဘက္ မိုင္ ၂၀ ဝန္းက်င္ရွိ ေမာ့ကနင္ေက်းရြာတြင္ လုံျခဳံေရးစစ္ေဆးေနေသာ ေဒသအေျခစိုက္ ခ.လ.ရ ၁၀၆ တပ္ရင္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားအား ေရးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ ၾသဂုတ္လ ၂၈ ရက္ ည ၈ နာရီခြဲခန႔္တြင္ ဝင္ေရာက္ပစ္ခတ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ေမာ့ကနင္ရြာတြင္ အမ်ားျပည္သူသြားလာေနေသာလမ္းအား ပိတ္ဆို႔ၿပီး စစ္ေဆးေနေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ခ.လ.ရ ၁၀၆ တပ္ဖြဲ႕ဝင္မ်ားအား လၽွပ္တျပက္ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း ေရးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ထံမွ သိရသည္။

ေရး PDF ဘက္မွ ထိခိုက္ဒဏ္ရာမရရွိပဲ ျပန္လည္ဆုတ္ခြာလာနိုင္ခဲ့ေၾကာင္း သိရၿပီး စစ္ေကာင္စီဘက္မွ ထိခိုက္က်ဆုံးမႈစာရင္းကို ထုတ္ျပန္ထားျခင္း မရွိေပ။
ဓါတ္ပုံ – ေရး PDF တပ္ဖြဲ႕ဝင္ ၁ ဦး

———–

ရေးမြို့၊ မော့ကနင်ကျေးရွာတွင် စစ်ကောင်စီ၏ ခ.လ.ရ ၁၀၆ မှတပ်ဖွဲ့ဝင်များကို ရေး PDF မှ ဝင်ရောက်ပစ်ခတ် ရန်ကုန်၊ သြဂုတ် ၂၉

မွန်ပြည်နယ်၊ ရေးမြို့မြောက်ဘက် မိုင် ၂၀ ဝန်းကျင်ရှိ မော့ကနင်ကျေးရွာတွင် လုံခြုံရေးစစ်ဆေးနေသော ဒေသအခြေစိုက် ခ.လ.ရ ၁၀၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သြဂုတ်လ ၂၈ ရက် ည ၈ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

မော့ကနင်ရွာတွင် အများပြည်သူသွားလာနေသောလမ်းအား ပိတ်ဆို့ပြီး စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ခ.လ.ရ ၁၀၆ တပ်ဖွဲ့ဝင်များအား လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေး PDF ဘက်မှ ထိခိုက်ဒဏ်ရာမရရှိပဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကို ထုတ်ပြန်ထားခြင်း မရှိပေ။   ဓါတ်ပုံ – ရေး PDF တပ်ဖွဲ့ဝင် ၁ ဦး   crd–

Add a Comment

Your email address will not be published. Required fields are marked *