ဂန့်ဂေါ ရဲကင်းကို ဝင်တိုက်ပြီး အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကိုလည်း မိုင်းခွဲခဲ့



ရန်ကုန်၊ သြဂုတ် ၂၃

 




 




 





 

ဂန့်ဂေါ ကန်နယ်မြေ ရဲကင်းကို PDF ဝင်တိုက် ရဲ ၁ဝဦး ထိခိုက်ဒဏ်ရာရပြီး ပုလဲ- ဂန့်ဂေါ လမ်းပိုင်းတွင်လည်း

အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း မိုင်းခွဲခံရ

ရန်ကုန်၊ သြဂုတ် ၂၃

 

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်အရှေ့လမ်း ၃ထပ်ကွေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်၌ ကန်နယ်မြေရဲကင်းကို

ဂန့်ဂေါ PDFတပ်များ ဝင်ရောက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ဒဏ်ရာရ‌ရှိခဲ့ကြောင်း ဒေသခံ

သတင်းအရင်းအမြစ်က သိရသည်။

 

ထို့ပြင် ယနေ့ ညနေပိုင်း ၃နာရီခန့်က ပုလဲမှ ဂန့်ဂေါသို့ ဖြတ်၍ ကလေးသို့ တက်လားသည့် အကြမ်းဖက် စစ်ကောင်စီ

ယာဉ်တန်း ကား ၈ စီးကို ဂန့်ဂေါ PDFက မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် ကား ၃ စီးထိခဲ့ကြောင်း ဒေသခံ

သတင်းအရင်းအမြစ်များ ပြောဆိုချက်အရသိရသည်။

 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းသည် မောက်လင်းလမ်းခွဲနှင့်

ထယ်လှော်ရွာကြားတွင် ဂန့်ဂေါPDFက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်ရှိချိန်တွင် အနီးနားရှိ ကျေးရွာများကို

ဝင်ရောက်ရမ်းကားနေကာ စစ်ကောင်စီ တပ်ဖွဲ့များ သေဆုံးမှုရှိသော်လည်း အရေအတွက် အတိအကျကို

မသိရှိရသေးကြောင်း ဒေသခံ သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

crd-

Add a Comment

Your email address will not be published. Required fields are marked *