ငလျင်မဂ္ဂနီကျု ၇.၁ အဆင်သို့တိုးမြှင့် . .ဆူနာမီရေလှိုင်းသတိပေးချက်ထုတ်ပြန်
ငလျင်သတင်းစင်တာ
———————
ငလျင်မဂ္ဂနီကျု ၇.၁ အဆင်သို့တိုးမြှင့်ထားပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက်ထုတ်ပြန်
ယနေ့မနက် ၄:၀၀ နာရီဝန်းကျင်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်အနောက်ဘက်ပိုင်း၊
အနောက်တောင်ပိုင်း ၁၆ မိုင်ခန့် နှင့် ၁၃ မိုင်ခန့်ကွာဝေးသည့်ဒေသနှစ်နေရာကိုဗဟိုပြုပြီး မဂ္ဂနီကျု ၃.၁ နှင့် ၃.၄ အဆင့်ငလျင်ငယ်များ နှစ်ကြိမ်ဆက်တိုက် မြေအောက်အနက် ၆ မိုင်ကျော်မှ လှုပ်ရှားသွားခဲ့ကြသည်။
ယနေ့ညသန်းခေါင်ယံကျော်မြန်မာစံတော်ချိန် ၁၂:၁၈ နာရီအချိန်ခန့်က ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ပိုင်း၊ Mindanao ကျွန်းအရှေ့ကမ်းလွန်ပင်လယ်ပြင်၊
မာတီမြို့အရှေ့တောင်ပိုင်း ၅၇ ခန့်အကွာမှ ပြင်းအားပမာဏ ၆.၉ မဂ္ဂနီကျုအဆင့်အားပြင်းငလျင်ကြီး ပင်လယ်ကြမ်းပြင်အောက်အနက် ၄၇ မိုင်မှ ဒေသစံတော်ချိန်နံနက် ၁:၅၀ နာရီအချိန်တွင် လှုပ်ရှားသွားခဲ့သည်။
ဖိလစ်ပိုင်ငလျင်မဂ္ဂနီကျု ၇.၁ အဆင်သို့တိုးမြှင့်ထားပြီးနောက် ဆူနာမီရေလှိုင်းသတိပေးချက်ထုတ်ပြန်ထားသည်။
ငလျင်သတင်းစင်တာ