စကစယာဥ္ထိန္းရဲခ်င္း ရန္ျဖစ္ရာမွ ဝင္ျဖန္ေျဖေသာ ယာဥ္ထိန္းရဲ

စကစယာဥ္ထိန္းရဲခ်င္း ရန္ျဖစ္ရာမွ ဝင္ျဖန္ေျဖေသာ ယာဥ္ထိန္းရဲ ေသနတ္ျဖင့္အပစ္ခံရ၍ေသဆုံး-စက္တင္ဘာ.၆ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေလာက္ကိုင္ၿမိဳ႕တြင္အာဏာသိမ္းစစ္ေကာင္စီ၏ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္ခ်င္းခိုက္ရန္ျဖစ္ပြားရာ ဝင္ေရာက္ဖ်န္ေျဖရဲ ေသနတ္ျဖင့္ အပစ္ခံရၿပီးေသဆုံးခဲ့သည္။

ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕မွ ယာဥ္ထိန္း႐ုံးစခန္းတစ္ခုတြင္စက္တင္ဘာ ၅ ရက္ညက ရဲအခ်င္းခ်င္း ေသနတ္ျဖင့္ ပစ္သတ္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ေသဆုံးသူသည္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဦးလွမင္းေအာင္ဆိုသူျဖစ္ၿပီး ၎၏ ရာထူးအတိအက်ကို မသိရ‌ေပ။

ဦးလွမင္းေအာင္သည္ ၂၀၁၈ ေရွ႕ပိုင္းက ေလာက္ကိုင္တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲတစ္ခုတြင္လည္း ေသနတ္ပစ္ခံခဲ့ရဖူးေၾကာင္း ၎၏ သူငယ္ခ်င္း ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေဖ့စ္ဘြတ္လူမႈကြန္ရက္တြင္ ေရးသားထားသည္။”ေသနတ္နဲ႔ေတာ့ ဒီေကာင္ႀကီး မေသးနိုင္ေတာ့ဘူးလို႔ထင္ခဲ့တာ။ ကိုယ့္အခ်င္းခ်င္းရန္ျဖစ္လို႔ ဝင္ဖ်န္ေျဖမွ ထိရတယ္လို႔ကြာ”ဟု ၎၏ သူငယ္ခ်င္းတစ္ဦး က ေရးသားထားသည္။

အသက္ (၄၀)အရြယ္ ဦးလွမင္းေအာင္အား ေသနတ္ျဖင့္ ပစ္ခတ္သူမွာလည္း ယာဥ္ထိန္းရဲပင္ျဖစ္ၿပီး လက္ရွိတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသည္ဟု ေလာက္ကိုင္ၿမိဳ႕မွ သတင္းရင္းျမစ္တစ္ဦးကေျပာသည္။” ယာဥ္ထိန္းရဲတစ္ေယာက္က သူတို႔စခန္းထဲက ယာဥ္ထိန္းကိုပစ္တာ တစ္ခ်က္တည္းနဲ႔ ေသသြားတာ

။ေသတဲ့သူကို မသိဘူး။ ေသနတ္သမားကိုသိတယ္။ ေလာက္ကိုင္မွာ ကုလားႀကီးလို႔ ေခၚၾကတာ”ဟု ေဒသခံတစ္ဦးကေျပာသည္။ေသဆုံးသည့္ရဲ၏ ႐ုပ္အေလာင္းကို ေလာက္ကိုင္ၿမိဳ႕အေျခစိုက္ ဂ႐ုဏာဟဒယလူမႈကူညီေရးအသင္းက သယ္ေဆာင္ကာ သုသာန္ေတြ မီးရွို႔သၿဂိဳလ္ခဲ့သည္။crd–BWNAေလာက္ကိုင္သတင္းစဥ္

စကစယာဉ်ထိန်းရဲချင်း ရန်ဖြစ်ရာမှ ဝင်ဖြန်ဖြေသော ယာဉ်ထိန်းရဲ သေနတ်ဖြင့်အပစ်ခံရ၍သေဆုံး-စက်တင်ဘာ.၆ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင်အာဏာသိမ်းစစ်ကောင်စီ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ချင်းခိုက်ရန်ဖြစ်ပွားရာ ဝင်ရောက်ဖျန်ဖြေရဲ သေနတ်ဖြင့် အပစ်ခံရပြီးသေဆုံးခဲ့သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ ယာဉ်ထိန်းရုံးစခန်းတစ်ခုတွင်စက်တင်ဘာ ၅ ရက်ညက ရဲအချင်းချင်း သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သေဆုံးသူသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင်ဆိုသူဖြစ်ပြီး ၎င်း၏ ရာထူးအတိအကျကို မသိရ‌ပေ။

ဦးလှမင်းအောင်သည် ၂၀၁၈ ရှေ့ပိုင်းက လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင်လည်း သေနတ်ပစ်ခံခဲ့ရဖူးကြောင်း ၎င်း၏ သူငယ်ချင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။”သေနတ်နဲ့တော့ ဒီကောင်ကြီး မသေးနိုင်တော့ဘူးလို့ထင်ခဲ့တာ။ ကိုယ့်အချင်းချင်းရန်ဖြစ်လို့ ဝင်ဖျန်ဖြေမှ ထိရတယ်လို့ကွာ”ဟု ၎င်း၏ သူငယ်ချင်းတစ်ဦး က ရေးသားထားသည်။

အသက် (၄၀)အရွယ် ဦးလှမင်းအောင်အား သေနတ်ဖြင့် ပစ်ခတ်သူမှာလည်း ယာဉ်ထိန်းရဲပင်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု လောက်ကိုင်မြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။” ယာဉ်ထိန်းရဲတစ်ယောက်က သူတို့စခန်းထဲက ယာဉ်ထိန်းကိုပစ်တာ တစ်ချက်တည်းနဲ့ သေသွားတာ။သေတဲ့သူကို မသိဘူး။

သေနတ်သမားကိုသိတယ်။ လောက်ကိုင်မှာ ကုလားကြီးလို့ ခေါ်ကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။သေဆုံးသည့်ရဲ၏ ရုပ်အလောင်းကို လောက်ကိုင်မြို့အခြေစိုက် ဂရုဏာဟဒယလူမှုကူညီရေးအသင်းက သယ်ဆောင်ကာ သုသာန်တွေ မီးရှို့သဂြိုလ်ခဲ့သည်။crd—BWNAလောက်ကိုင်သတင်းစဉ်

Add a Comment

Your email address will not be published. Required fields are marked *