စက္႐ုံပိတ္တဲ့စာ ခ်ိတ္ထားေပမယ့္ ရဲကားေတြနဲ႔ ေအာက္ဆီဂ်င္ဝင္သယ္၊
|စက္႐ုံပိတ္တဲ့စာ ခ်ိတ္ထားေပမယ့္ ရဲကားေတြနဲ႔ ေအာက္ဆီဂ်င္ဝင္သယ္၊ ျပည္သူတခ်ိဳ႕ကေစာင့္ၾကည့္ေနလို႔ အိုးေသး(၅) အိုးေပးမယ္ေျပာ
ဇူလိုင္(၂၅)
ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္မွာရွိတဲ့ ေရႊျပည္ညြန႔္ ေအာက္ဆီဂ်င္ ထုတ္လုပ္ေရးစက္႐ုံတစ္႐ုံမွာ စက္႐ုံးပိတ္တယ္ဆိုတဲ့ စာခ်ိတ္ဆြဲထားေပမယ့္ ယူနီေဖာင္းဝ
တ္ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြက ရဲတပ္ဖြဲ႕ပိုင္ကားေတြနဲ႔ ေအာက္ဆီဂ်င္အိုးေတြ ဝင္ေရာက္သယ္ေဆာင္ေနတယ္လို႔ စက္႐ုံမွာေရာက္ရွိေနတဲ့ ျပည္သူေတြဆီကသိရပါတယ္။
“စက္႐ုံပိတ္တယ္ဆိုတယ္လို႔ေတာ့ စာခ်ိတ္ထားတယ္၊ က်ေနာ္တို႔ကေတာ့ အေျခအေနသြားေစာင့္ၾကည္ေနတာ ရမလားဆိုၿပီးေတာ့။ ရဲကားနဲ႔ ရဲေတြေရာက္လာတယ္ စက္႐ုံထဲကားထည့္ၿပီအိုးေ
တြတင္ေတာ့တာပဲ ဘယ္အတြက္လည္းေတာ့မသိဘူး၊ ေသနတ္ကိုင္ထားတဲ့ အရပ္ဝတ္နဲ႔လူေတြကလည္း အိမ္စီကားနဲ႔ အိုးေတြယူေနတယ္၊ က်ေနာ္တို႔ကေလးငါးေယာက္လဲပဲရွိတာ အိုးေတြလ
ည္းပါတယ္၊ ဘာမွမေျပာပဲ ေစာင့္ၾကည့္ေနလို႔ ယူနီေဖာင္းနဲ႔ရဲက မင္းတို႔လူနည္းရင္ အခုအဲ့အိုး ငါးအိုးေတာ့ ျဖည့္ေပးလိုက္မယ္လို႔ေျပာတယ္၊ သူတို႔လိပ္ျပာမလုံဘူးနဲ႔တူတယ္” လို႔စက္႐ုံ
အနီးအနားထိသြားေရာက္ ေစာင့္ဆိုင္ခဲ့တဲ့ျပည္သူတစ္ဦးက ေျပာပါတယ္။
ေဆး႐ုံကို ေပးပို႔တဲ့ အိုးေတြမွအပ က်န္အျပင္အိုးေတြ ေအာက္ဆီဂ်င္ေရာင္းခ်ေပးျခင္းကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းလိုက္ၿပီျဖစ္တယ္လို႔ အဲ့ဒီေရႊျပည္ညြန႔္ ေအာက္ဆီဂ်င္က
မေန႔ကေၾကညာထားပါတယ္။
စက်ရုံပိတ်တဲ့စာ ချိတ်ထားပေမယ့် ရဲကားတွေနဲ့ အောက်ဆီဂျင်ဝင်သယ်၊ ပြည်သူတချို့ကစောင့်ကြည့်နေလို့ အိုးသေး(၅) အိုးပေးမယ်ပြော
ဇူလိုင်(၂၅)
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်မှာရှိတဲ့ ရွှေပြည်ညွန့် အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံတစ်ရုံမှာ စက်ရုံးပိတ်တယ်ဆိုတဲ့ စာ
ချိတ်ဆွဲထားပေမယ့် ယူနီဖောင်းဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲတပ်ဖွဲ့ပိုင်ကားတွေနဲ့ အောက်ဆီဂျင်အိုးတွေ ဝင်ရောက်သယ်ဆောင်နေတယ်လို့ စက်ရုံမှာရောက်ရှိနေတဲ့
ပြည်သူတွေဆီကသိရပါတယ်။”စက်ရုံပိတ်တယ်ဆိုတယ်လို့တော့ စာချိတ်ထားတယ်၊ ကျနော်တို့ကတော့ အခြေအနေသွားစောင့်ကြည်နေတာ ရမလားဆိုပြီးတော့။ ရဲကားနဲ့ ရဲတွေ
ရောက်လာတယ် စက်ရုံထဲကားထည့်ပြီး အိုးတွေတင်တော့တာပဲ ဘယ်အတွက်လည်းတော့မသိဘူး၊ သေနတ်ကိုင်ထားတဲ့ အရပ်ဝတ်နဲ့လူတွေကလည်း အိမ်စီကားနဲ့ အိုးတွေယူနေတယ်၊
ကျနော်တို့ကလေးငါးယောက်လဲပဲရှိတာ အိုးတွေလည်းပါတယ်၊ ဘာမှမပြောပဲ စောင့်ကြည့်နေလို့ ယူနီဖောင်းနဲ့ရဲက မင်းတို့လူနည်းရင် အခုအဲ့အိုး ငါးအိုးတော့ ဖြည့်ပေးလိုက်မယ်
လို့ပြောတယ်၊ သူတို့လိပ်ပြာမလုံဘူးနဲ့တူတယ်” လို့စက်ရုံအနီးအနားထိသွားရောက် စောင့်ဆိုင်ခဲ့တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။ဆေးရုံကို ပေးပို့တဲ့ အိုးတွေမှအပ ကျန်အပြင်အိုးတွေ
အောက်ဆီဂျင်ရောင်းချပေးခြင်းကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အဲ့ဒီရွှေပြည်ညွန့် အောက်ဆီဂျင်က မနေ့ကကြေညာထားပါတယ်။