စစ္တပ္ႏွင့္ ရဲကင္းအနီးက ျပည္သူမ်ား ေရွာင္ရွားၾကရန္ ေရး PDF သတိေပး

စစ္တပ္နဲ႔ ရဲကင္းအနီးက ေနအိမ္ေတြရွိ ျပည္သူေတြအေနနဲ႔ ႀကိဳတင္ေရွာင္ရွားေပးၾကဖို႔ ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF က ဒီကေန႔ စက္တင္ဘာ ၇ ရက္ေန႔ ညေနပိုင္းမွာ အေရးေပၚ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေရးၿမိဳ႕နယ္ PDF ကေတာ့ အမ်ိဳးသားညီညြတ္ေရးအစိုးရက တိုက္ပြဲစတင္ေၾကာင္း ေၾကညာလိုက္တဲ့အတြက္ေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြကို အၿပီးသတ္ ေခ်မႈန္းသြားေတာ့မွာ ျဖစ္တာေၾကာင့္ ျပည္သူေတြ လိုက္နာၾကဖို႔ အေရးေပၚ ေၾကညာခ်က္ထုတ္ျပန္ရတာလို႔ ဆိုထားပါတယ္။

ျပည္သူေတြအေနနဲ႔ မလိုအပ္ဘဲ ခရီးသြားလာတာ မလုပ္ၾကဖို႔နဲ႔ လိုအပ္တာေတြ စုေဆာင္းၿပီး သတင္းေပးကူညီေပးၾကဖို႔ တိုက္တြန္းထားပါတယ္။

စစ္ေကာင္စီ လက္ေအာက္ခံ ဝန္ထမ္းေတြအေနနဲ႔ စက္တင္ဘာ ၇ ရက္ေန႔ကစၿပီး ႐ုံးတက္တာေတြ မလုပ္ၾကဖို႔နဲ႔ စစ္ေကာင္စီတပ္ဖြဲ႕ေတြအေနနဲ႔လည္း ျပည္သူ႔ရင္ခြင္ကို ခိုလႈံေပါင္းလိုပါက လက္နက္အျပည့္အစုံနဲ႔ အလင္းဝင္နိုင္တယ္လို႔ ေရး PDF က ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ စစ္ေကာင္စီ စစ္တပ္၊ လက္ပါးေစေတြ၊ ဒလန္နဲ႔ ပ်ဴေစာထီးအဖြဲ႕ အားေပးအားေျမႇာက္ေနတဲ့ အဓမၼသမားေတြကို ေခ်မႈန္းသြားမယ္လို႔ ဆိုထားပါတယ္။

ေရးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၃ ရက္ေန႔က ရဲတပ္သား တစ္ဦးကို အနီးကပ္ ပစ္သတ္ၿပီး သုတ္သင္ရွင္းလင္းထားပါတယ္။crd

—————–

စစ်တပ်နဲ့ ရဲကင်းအနီးက နေအိမ်တွေရှိ ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားပေးကြဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရေးမြို့နယ် PDF ကတော့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြီးသတ် ချေမှုန်းသွားတော့မှာ ဖြစ်တာကြောင့် ပြည်သူတွေ လိုက်နာကြဖို့ အရေးပေါ် ကြေညာချက်ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာ မလုပ်ကြဖို့နဲ့ လိုအပ်တာတွေ စုဆောင်းပြီး သတင်းပေးကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ရုံးတက်တာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံပေါင်းလိုပါက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်နိုင်တယ်လို့ ရေး PDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်တပ်၊ လက်ပါးစေတွေ၊ ဒလန်နဲ့ ပျူစောထီးအဖွဲ့ အားပေးအားမြှောက်နေတဲ့ အဓမ္မသမားတွေကို ချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရဲတပ်သား တစ်ဦးကို အနီးကပ် ပစ်သတ်ပြီး သုတ်သင်ရှင်းလင်းထားပါတယ်။

 

 

Add a Comment

Your email address will not be published. Required fields are marked *