စစ္ေကာင္စီက ေငြစကၠဴအသစ္‌ထုတ္ေဝမႈတြင္ ပါဝင္ပတ္သက္သည့္ စီးပြား ေရးလုပ္ငန္းမ်ားကို အၾကမ္းဖက္မႈ ကူညီသူမ်ားအျဖစ္ အေရးယူမည္

စစ္ေကာင္စီက ေငြစကၠဴအသစ္‌ထုတ္ေဝမႈတြင္ ပါဝင္ပတ္သက္သည့္ စီးပြား ေရးလုပ္ငန္းမ်ားကို အၾကမ္းဖက္မႈ ကူညီသူမ်ားအျဖစ္ အေရးယူမည္
ရန္ကုန္ | ၾသဂုတ္လ ၂၇

အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ ျမန္မာက်ပ္ေငြစကၠဴအသစ္ေတြရိုက္ ႏွိပ္ထုတ္ေဝဖို႔ ေငြစကၠဴပုံႏွိပ္လုပ္ငန္းဝန္ေဆာင္မႈေပးတဲ့ ျပည္ပကုမၸဏီေတြဆီကို ခ်ဥ္းကပ္ေနတယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရကဆိုပါတယ္။

အခုလို စစ္ေကာင္စီက ခ်ဥ္းကပ္တာကို သတင္းအတိအက်ရထားတယ္လို႔ NUG အစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာနက ဒီကေန႔ (ၾသဂုတ္လ ၂၇)မွာ ထုတ္ျပန္လိုက္ပါတယ္။

နိုင္ငံရဲ့ေငြစကၠဴရိုက္ႏွိပ္ထုတ္ေဝတာကို အစိုးရကသာလုပ္ပိုင္ခြင့္ရွိၿပီး အာဏာသိမ္းစစ္ေကာင္စီအေနနဲ႔ မတရားအသင္းေၾကညာခံထားရတဲ့ျဖစ္လို႔ ေငြစကၠဴရိုက္ႏွိပ္ထုတ္ေဝတာဟာ တရားမဝင္တဲ့လုပ္ရပ္လို႔လည္း အဆိုပါထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ေငြစကၠဴပုံႏွိပ္ထုတ္ေဝျခင္းလုပ္ငန္း ဝန္ေဆာင္မႈေပးေနတဲ့ ျပည္ပကုမၸဏီေတြအေနနဲ႔ တရားမဝင္အာဏာသိမ္း စစ္ေကာင္စီရဲ့ ေငြစကၠဴရိုက္ႏွိပ္ထုတ္ေဝတာကို ပူးေပါင္းေဆာင္ရြက္တာေတြ၊ ကုန္ၾကမ္းပစၥည္းနဲ႔ နည္းပညာအေထာက္ အပံ့ ေပးတာေတြကို အထူးေရွာင္ရွားၾကဖို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရက အဲ့ဒီထုတ္ျပန္ခ်က္ထဲမွာ တိုက္တြန္းေတာင္းဆိုထားပါတယ္။

စစ္ေကာင္စီရဲ့ ေငြေၾကးထုတ္လုပ္မႈမွာ ပါဝင္ပက္သက္တဲ့ စီးပြားေရးလုပ္ငန္းေတြ ကုမၸဏီေတြကိုလည္းအၾကမ္းဖက္မႈကိုအားေပးကူညီရာေျမာက္တဲ့လုပ္ငန္းေတြအျဖစ္အေရးယူသြားမယ္လို႔ လည္းဆိုပါတယ္။

———————

စစ်ကောင်စီက ငွေစက္ကူအသစ်‌ထုတ်ဝေမှုတွင် ပါဝင်ပတ်သက်သည့် စီးပွား ရေးလုပ်ငန်းများကို အကြမ်းဖက်မှု ကူညီသူများအဖြစ် အရေးယူမည်
ရန်ကုန် | သြဂုတ်လ ၂၇

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မြန်မာကျပ်ငွေစက္ကူအသစ်တွေရိုက် နှိပ်ထုတ်ဝေဖို့ ငွေစက္ကူပုံနှိပ်လုပ်ငန်းဝန်ဆောင်မှုပေးတဲ့ ပြည်ပကုမ္ပဏီတွေဆီကို ချဉ်းကပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။

အခုလို စစ်ကောင်စီက ချဉ်းကပ်တာကို သတင်းအတိအကျရထားတယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ဒီကနေ့ (သြဂုတ်လ ၂၇)မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရဲ့ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို အစိုးရကသာလုပ်ပိုင်ခွင့်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မတရားအသင်းကြေညာခံထားရတဲ့ဖြစ်လို့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာဟာ တရားမဝင်တဲ့လုပ်ရပ်လို့လည်း အဆိုပါထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပကုမ္ပဏီတွေအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်ကောင်စီရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာကို ပူးပေါင်းဆောင်ရွက်တာတွေ၊ ကုန်ကြမ်းပစ္စည်းနဲ့ နည်းပညာအထောက် အပံ့ ပေးတာတွေကို အထူးရှောင်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက အဲ့ဒီထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ငွေကြေးထုတ်လုပ်မှုမှာ ပါဝင်ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေကိုလည်းအကြမ်းဖက်မှုကိုအားပေးကူညီရာမြောက်တဲ့လုပ်ငန်းတွေအဖြစ်အရေးယူသွားမယ်လို့ လည်းဆိုပါတယ်။

crd—

Add a Comment

Your email address will not be published. Required fields are marked *