စစ္ေကာင္စီတပ္က ဟားခါးၿမိဳ႕မီးႀကိဳးသြယ္တန္းျခင္းလုပ္ငန္းလုပ္ကိုင္ေနသည့္ လုပ္သားမ်ားကို ရဟတ္ယာဥ္ျဖင့္ပစ္ခတ္
|စစ္ေကာင္စီတပ္က ဟားခါးၿမိဳ႕အိမ္ယာေဖာ္ေဆာင္ေနသည့္လုပ္ငန္းခြင္မွ လုပ္သားမ်ားကို ရဟတ္ယာဥ္ျဖင့္ပစ္ခတ္-ဟားခါး စက္တင္ဘာ ၅
ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္ ေဂါက္ကြင္းေအာက္ဖက္ရွိ အိမ္ယာစီမံကိန္း လုပ္ငန္းခြင္မွ မီးႀကိဳးသြယ္တန္းျခင္းလုပ္ငန္းလုပ္ကိုင္ေနသည့္ အလုပ္သမား မ်ားကို ယမန္ေန႔ေန႔လည္ ၁နာရီခန႔္ကစစ္ေကာင္စီတပ္မ်ားမွေျမျပင္အင္အား ၆၀ ဝန္းက်င္ႏွင့္ရဟတ္ယာဥ္ေပၚမွစက္ေသနတ္မ်ားျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ သည္ဟု သိရသည္။
အဆိုပါေနရာသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ ထက္ၿမိဳ႕ၿပ ဖြံ့ၿဖိဳးေရး စီမံကိန္းဧရိယာ ၆၇၆.၄၅ ဧကအတြင္း မဲႏွိုက္စနစ္ျဖင့္ အုပ္စု သုံးစု ခြဲၿပီး အမ်ားျပည္သူမ်ားကို အိမ္အကြက္ ခ်ေပးထားသည့္ ေနရာျဖစ္ေၾကာင္း သိရသည္။
”ကၽြန္ေတာ္ကအလုပ္ရွိလို႔ လိုက္လာခဲ့တာ ။ကၽြန္ေတာ္တို႔လူငယ္ေတြ ၂၀ ဝန္းက်င္ရွိမယ္ ။မီးႀကိဳးေတြသြယ္ရတာ။ မီးလိုင္းေတြဆြဲရတယ္ ေန႔စားနဲ႔ ပဲ။အဲဒီမွာ ေဂါက္ကြင္းေအာက္ဖက္ကေန စစ္သားေတြ ၆၀ေက်ာ္ ေလာက္ရွိမယ္ တက္လာၿပီးပစ္တာ ။ၿပီးေတာ့မွ ရဟတ္ယာဥ္တစ္စီး လာၿပီး အေပၚကေန ပစ္တာ ကၽြန္ေတာ္တို႔လည္းေျပးၾကတာေပါ့။”ဟု အလုပ္သမားတစ္ဦးက ေျပာသည္။”
” ေျခာက္ပစ္တာေတာ့မဟုတ္ဘူး ။ကၽြန္ေတာ္တို႔ေခါင္းေပၚေတြကေန က်ည္ဆံ ေတြျဖတ္သြားတာဆိုေတာ့တကယ္ပစ္တာ။ ကၽြန္ေတာ္တို႔ေတြ ကလည္း လူငယ္ေတြပဲဆိုေတာ့ CDFနဲ႔ မွားပစ္ၾကတာထင္တယ္”ဟုဆိုသည္။သည့္အျပင္ ယမန္ေန႔ည ၁၁:၀၀ နာရီခန႔္မွစတင္ၿပီး ဟားခါးၿမိဳ႕တြင္း ခ်င္းဦးစီး ရပ္ကြက္ဘက္တြင္ ေသနက္ပစ္ခတ္သံေတြ အဆက္မပ်က္ ထြက္ေပၚ ေနေၾကာင္းလည္းသိရသည္။
—————
စစ်ကောင်စီတပ်က ဟားခါးမြို့အိမ်ယာဖော်ဆောင်နေသည့်လုပ်ငန်းခွင်မှ လုပ်သားများကို ရဟတ်ယာဉ်ဖြင့်ပစ်ခတ်-ဟားခါး စက်တင်ဘာ ၅
ချင်းပြည်နယ် ဟားခါးမြို့နယ် ဂေါက်ကွင်းအောက်ဖက်ရှိ အိမ်ယာစီမံကိန်း လုပ်ငန်းခွင်မှ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းလုပ်ကိုင်နေသည့် အလုပ်သမား များကို ယမန်နေ့နေ့လည် ၁နာရီခန့်ကစစ်ကောင်စီတပ်များမှမြေပြင်အင်အား ၆၀ ဝန်းကျင်နှင့်ရဟတ်ယာဉ်ပေါ်မှစက်သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု သိရသည်။
အဆိုပါနေရာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက် ထက်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းဧရိယာ ၆၇၆.၄၅ ဧကအတွင်း မဲနှိုက်စနစ်ဖြင့် အုပ်စု သုံးစု ခွဲပြီး အများပြည်သူများကို အိမ်အကွက် ချပေးထားသည့် နေရာဖြစ်ကြောင်း သိရသည်။
”ကျွန်တော်ကအလုပ်ရှိလို့ လိုက်လာခဲ့တာ ။ကျွန်တော်တို့လူငယ်တွေ ၂၀ ဝန်းကျင်ရှိမယ် ။မီးကြိုးတွေသွယ်ရတာ။ မီးလိုင်းတွေဆွဲရတယ် နေ့စားနဲ့ ပဲ။အဲဒီမှာ ဂေါက်ကွင်းအောက်ဖက်ကနေ စစ်သားတွေ ၆ဝကျော် လောက်ရှိမယ် တက်လာပြီးပစ်တာ ။ပြီးတော့မှ ရဟတ်ယာဉ်တစ်စီး လာပြီး အပေါ်ကနေ ပစ်တာ ကျွန်တော်တို့လည်းပြေးကြတာပေါ့။”ဟု အလုပ်သမားတစ်ဦးက ပြောသည်။”
” ခြောက်ပစ်တာတော့မဟုတ်ဘူး ။ကျွန်တော်တို့ခေါင်းပေါ်တွေကနေ ကျည်ဆံ တွေဖြတ်သွားတာဆိုတော့တကယ်ပစ်တာ။ ကျွန်တော်တို့တွေ ကလည်း လူငယ်တွေပဲဆိုတော့ CDFနဲ့ မှားပစ်ကြတာထင်တယ်”ဟုဆိုသည်။
သည့်အပြင် ယမန်နေ့ည ၁၁:၀၀ နာရီခန့်မှစတင်ပြီး ဟားခါးမြို့တွင်း ချင်းဦးစီး ရပ်ကွက်ဘက်တွင် သေနက်ပစ်ခတ်သံတွေ အဆက်မပျက် ထွက်ပေါ် နေကြောင်းလည်းသိရသည်။