ည်။စစ်ကောင်စီတပ်စွဲထားသော မရန်ကထောင်ဂိတ်အား KIA မှ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးရန်ကုန်၊ ဇူလိုင် ၃၀ကချင်ပြည်နယ်၊ မိုးကောင်းနှင့် ကာမိုင်းမြို့ကြားရှိ
အကြမ်းဖက်စစ်ကောင်စီများ တပ်စွဲထားသော မရန်ကတောင် စစ်ဆေးရေးဂိတ်ကို ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂၊
တပ်ရင်း ၁၁ မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မရန်ကထောင်ဂိတ်ကို ဒီနေ့ မနက် ၃ နာရီလောက်မှာ ဝင်တိုက်တယ်၊ ဂိတ်စခန်းတခုလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်၊ အကျအဆုံးတော့ မသိရသေးဘူး” ဟု KIA သတင်းရင်းမြစ်မှ
ပြောဆိုသည်။KIA တပ်မဟာ ၂၊ တပ်ရင်း ၁၁ အဖွဲ့သည် ယနေ့ နံနက် ၃ နာရီ ၄၀ အချိန်ခန့်တွင်လည်း မိုးကောင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင် အချက်ရေ
၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းရရှိသည်။