စစ္ေကာင္စီမွ တပ္ၾကပ္ ၁ ဦးႏွင့္ ရဲ ၂ ဦး CDM ဝင္လာျပီး ဒ႐ုန္းတစ္စင္းကိုလည္း ပစ္ခ်နိုင္ခဲ့မင္းတပ္ CDF
|မင္းတပ္ CDF ကို စစ္ေကာင္စီမွ စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ ထိုးစစ္ဆင္ေန၊ စစ္ေကာင္စီမွ တပ္ၾကပ္ ၁ ဦးႏွင့္ ရဲ ၂ ဦး CDM ဝင္လာ၊
ဒ႐ုန္းတစ္စင္းကိုလည္း ပစ္ခ်နိုင္ခဲ့
ရန္ကုန္၊ ၾသဂုတ္ ၁၃
ခ်င္းျပည္နယ္၊ မင္းတပ္ CDF အားတိုက္ခိုက္ရန္ အၾကမ္းဖက္စစ္ေကာင္စီမွ စစ္ေၾကာင္း ၂ ေၾကာင္းျဖင့္ ၾသဂုတ္လ ၁၃ ရက္ ယေန႔တြင္
ထိုးစစ္ဆင္လာေၾကာင္းႏွင့္ တပ္ၾကပ္ ၁ ဦး၊ ရဲ ၂ ဦး CDM ဝင္လာေၾကာင္း သတင္းရရွိသည္။
“စစ္ေကာင္စီက မင္းတပ္ကို စစ္ေၾကာင္း ၂ ေၾကာင္းနဲ႔ ထိုးစစ္ဆင္လာတယ္၊ ေလာေလာဆယ္ က်ေနာ္တို႔ကေတာ့ အေျခအေနေစာင့္ၾကည့္ေနတုန္းပဲ၊
ေနာက္ၿပီး ဒီေန႔ တပ္ၾကပ္ ၁ ဦး၊ ရဲ ၂ ဦး က်ေနာ္တို႔ဆီ CDM ဝင္လာတယ္၊ အခုလို CDM ဝင္လာၾကတဲ့အေပၚ မင္းတပ္ CDF မွ အထူးႀကိဳဆိုပါတယ္”
ဟု မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္တစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
ၾသဂုတ္လ ၁၁ ရက္ ညပိုင္းကလည္း ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ဗီဒီယိုရိုက္ကူးၿပီး လိုက္လံေထာက္လွမ္းေနေသာ
အၾကမ္းဖက္စစ္ေကာင္စီ၏ ဒ႐ုန္းယာဥ္တစ္စင္းကို ပစ္ခ်နိုင္ခဲ့ေၾကာင္း ထန္တလန္ CDF ထံမွ သတင္းရရွိသည္
မင်းတပ် CDF ကို စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေ၊ စစ်ကောင်စီမှ တပ်ကြပ် ၁ ဦးနှင့် ရဲ ၂ ဦး CDM ဝင်လာ၊
ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့
ရန်ကုန်၊ သြဂုတ် ၁၃
ချင်းပြည်နယ်၊ မင်းတပ် CDF အားတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် သြဂုတ်လ ၁၃ ရက် ယနေ့တွင်
ထိုးစစ်ဆင်လာကြောင်းနှင့် တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး CDM ဝင်လာကြောင်း သတင်းရရှိသည်။
“စစ်ကောင်စီက မင်းတပ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ လောလောဆယ် ကျနော်တို့ကတော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ၊
နောက်ပြီး ဒီနေ့ တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး ကျနော်တို့ဆီ CDM ဝင်လာတယ်၊ အခုလို CDM ဝင်လာကြတဲ့အပေါ် မင်းတပ် CDF မှ အထူးကြိုဆိုပါတယ်”
ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
သြဂုတ်လ ၁၁ ရက် ညပိုင်းကလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဗီဒီယိုရိုက်ကူးပြီး လိုက်လံထောက်လှမ်းနေသော
အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထန်တလန် CDF ထံမှ သတင်းရရှိသည်။
credit-