စစ္ေကာင္စီယာဥ္တန္းအား ဖယ္ခုံ PDF မွ မိုင္းခြဲတိုက္ခိုက္

ဖယ္ခုံၿမိဳ႕နယ္အတြင္း စစ္ေကာင္စီယာဥ္တန္းအား ဖယ္ခုံ PDF မွ မိုင္းခြဲတိုက္ခိုက္ၿပီး တိုက္ပြဲျဖစ္ပြား၊ ဆိုင္ကယ္စီးလာေသာ အျပစ္မဲ့ ျပည္သူ ၂ ဦးအား စစ္ေကာင္စီမွ ပစ္သတ္ဟုဆို-ရန္ကုန္၊ စက္တင္ဘာ ၇

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဖယ္ခုံၿမိဳ႕နယ္၊ ကုန္းဆုံေက်းရြာႏွင့္ ပူခ်ယ္ေက်းရြာၾကားတြင္ ဖယ္ခုံဘက္မွ ေမာင္းႏွင္လာေသာ စစ္ေကာင္စီ ယာဥ္ ၅ စီးအား ယေန႔နံနက္ ၉ နာရီခြဲခန႔္တြင္ ဖယ္ခုံ PDF မွ မိုင္းခြဲတိုက္ခိုက္ရာ ၁ စီး မိုင္းထိမွန္ပ်က္စီးခဲ့ၿပီး ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္မႈ မိနစ္ ၃၀ ခန႔္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ပစ္ခတ္မႈအတြင္း ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဘက္မွ ထိခိုက္မႈမရွိေၾကာင္းႏွင့္ စစ္ေကာာင္စီဘက္မွ အက်အဆုံးရွိနိုင္ေၾကာင္း၊ အေရအတြက္ အတည္ျပဳေနေၾကာင္း ဖယ္ခုံ PDF ထံမွ သိရသည္။

တိုက္ပြဲျဖစ္ပြားၿပီး မိနစ္အနည္းငယ္အၾကာတြင္ ရြက္စိမ္း ေလာင္စာဆီပန႔္ အနီး ဖယ္ခုံဘက္မွ ဆိုင္ကယ္ျဖင့္ လာေသာ အမ်ိဳးသား ၂ ဦးအား စစ္ေကာင္စီမွ ပစ္သတ္ခဲ့ေၾကာင္း ဖယ္ခုံ PDF ထံမွသိရၿပီး အဆိုပါ ျပည္သူ ၂ ဦး ေသဆုံးျခင္းရွိ၊ မရွိ ရန္ကုန္ေခတ္သစ္အေနျဖင့္ သီးျခား အတည္ျပဳနိုင္ျခင္း မရွိေသးေပ။

————

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအား ဖယ်ခုံ PDF မှ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွား၊ ဆိုင်ကယ်စီးလာသော အပြစ်မဲ့ ပြည်သူ ၂ ဦးအား စစ်ကောင်စီမှ ပစ်သတ်ဟုဆို-ရန်ကုန်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာနှင့် ပူချယ်ကျေးရွာကြားတွင် ဖယ်ခုံဘက်မှ မောင်းနှင်လာသော စစ်ကောင်စီ ယာဉ် ၅ စီးအား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ဖယ်ခုံ PDF မှ မိုင်းခွဲတိုက်ခိုက်ရာ ၁ စီး မိုင်းထိမှန်ပျက်စီးခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောာင်စီဘက်မှ အကျအဆုံးရှိနိုင်ကြောင်း၊ အရေအတွက် အတည်ပြုနေကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ရွက်စိမ်း လောင်စာဆီပန့် အနီး ဖယ်ခုံဘက်မှ ဆိုင်ကယ်ဖြင့် လာသော အမျိုးသား ၂ ဦးအား စစ်ကောင်စီမှ ပစ်သတ်ခဲ့ကြောင်း ဖယ်ခုံ PDF ထံမှသိရပြီး အဆိုပါ ပြည်သူ ၂ ဦး သေဆုံးခြင်းရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Add a Comment

Your email address will not be published. Required fields are marked *