စစ္ေကာင္စီဥကၠဌ ဦးခက္ထိန္နန္၏ ပူတာအို ခရီးစဥ္တြင္ လုံျခဳံေရးလိုက္ပါလာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္႕နဲ႔ KIA တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္
|ပူတာအိုၿမိဳ႕နယ္ တန္ဂ်ာေက်းရြာအနီးတြင္ စစ္ေကာင္စီတပ္ကို KIA တိုက္ခိုက္၊ စစ္ေကာင္စီတပ္ ေသဆုံးသူမ်ား
ပူတာအိုၿမိဳ႕ – ဩဂုတ္ ၂၆၊ ၂၀၂၁။
ကခ်င္ျပည္နယ္၊ ပူတာအိုၿမိဳ႕နယ္ ျမစ္ႀကီးနား – ပူတာအို ကားလမ္းမေဘးရွိ တန္ဂ်ာေက်းရြာအနီး ယေန႔ မြန္းလြဲေလးနာရီခန႔္က စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္
KIAတပ္ဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေသဆုံးသူမ်ားသည္ဟု သိရသည္။
ပူတာအိုဘက္မွ ဆင္းလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ KIA တို႔ တန္ဂ်ာေက်းရြာအနီးတြင္ မိနစ္ ၃၀ခန႔္ တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း အမည္မေဖာ္လိုသူ
သတင္းရင္းျမစ္တစ္ဦးက The 74 Media ကို ေျပာသည္။
“တန္ဂ်ာေက်းရြာအနီးမွာ ေလးနာရီေလာက္က ပူတာအိုကေနဆင္းလာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ KIA တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနတယ္။
အခုကေတာ့ တိုက္ပြဲနားေနတယ္။ စစ္ေကာင္စီဘက္က အက်အရႈံးမ်ား ေနတယ္လို႔ေတာ့ ၾကားတယ္” ဟု ေျပာသည္။
KIA ႏွင့္တိုက္ပြဲျပင္းထန္ခဲ့ေသာ စစ္ေကာင္စီတပ္ဖြဲ႕သည္ ကခ်င္ျပည္နယ္ စစ္ေကာင္စီဥကၠဌ ဦးခက္ထိန္နန္၏ ပူတာအို ခရီးစဥ္တြင္ လုံျခဳံေရးလိုက္ပါလာသည့္
စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စစ္သားမ်ားျဖစ္ေၾကာင္း သူကဆက္ေျပာသည္။
လက္ရွိတြင္ တိုက္ပြဲေၾကာင့္ အနီးရွိ တန္ဂ်ာေက်းရြာေန ေဒသခံမ်ားသည္ လုံရွာယန္ေက်းရြာဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ေမလအတြင္းက ျမစ္ႀကီးနား- ပူတာအို ကားလမ္း မိုင္တိုင္(၁၀၈)အနီးတြင္ ဆီေဘာက္ဆာေမာ္ေတာ္ယာဥ္ ႏွစ္စီး မီးရွို႔ဖ်က္စီးခံခဲ့ရသည္။
==============
ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးသူများ
ပူတာအိုမြို့ – ဩဂုတ် ၂၆၊ ၂၀၂၁။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မြစ်ကြီးနား – ပူတာအို ကားလမ်းမဘေးရှိ တန်ဂျာကျေးရွာအနီး ယနေ့ မွန်းလွဲလေးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့်
KIAတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသူများသည်ဟု သိရသည်။
ပူတာအိုဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ တန်ဂျာကျေးရွာအနီးတွင် မိနစ် ၃ဝခန့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အမည်မဖော်လိုသူ
သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။
“တန်ဂျာကျေးရွာအနီးမှာ လေးနာရီလောက်က ပူတာအိုကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်။ အခုကတော့
တိုက်ပွဲနားနေတယ်။ စစ်ကောင်စီဘက်က အကျအရှုံးများ နေတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။
KIA နှင့်တိုက်ပွဲပြင်းထန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၏ ပူတာအို ခရီးစဉ်တွင် လုံခြုံရေးလိုက်ပါလာ
သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများဖြစ်ကြောင်း သူကဆက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲကြောင့် အနီးရှိ တန်ဂျာကျေးရွာနေ ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိ
ရသည်။ပြီးခဲ့သည့် မေလအတွင်းက မြစ်ကြီးနား- ပူတာအို ကားလမ်း မိုင်တိုင်(၁၀၈)အနီးတွင် ဆီဘောက်ဆာမော်တော်ယာဉ် နှစ်စီး မီးရှို့ဖျက်စီးခံခဲ့ရသည်။
==============