စစ္ေကာင္စီ ကင္းစခန္းကို KNLA မွ ယေန႔ညပိုင္းတြင္ ဝင္ေရာက္ပစ္ခတ္

ဖာပြန္ၿမိဳ႕ ယြန္းစလင္းတံတားရွိ စစ္ေကာင္စီ ကင္းစခန္းကို KNLA မွ ယေန႔ညပိုင္းတြင္ ဝင္ေရာက္ပစ္ခတ္
ရန္ကုန္၊ ၾသဂုတ္ ၂၉

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕ရွိ ယြန္းစလင္းျမစ္ကူးတံတားရွိ စစ္ေကာင္စီ ကင္းစခန္းကို ယေန႔ည ၇ နာရီ ၄၀ မိနစ္တြင္ ကရင္လြတ္ေျမာက္ေရးတပ္မေတာ္ KNLA မွ ဝင္ေရာက္ပစ္ခတ္ၿပီး လက္ရွိအခ်ိန္ထိ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ျပန္လည္ပစ္ခတ္ေနသည့္ ေသနတ္သံမ်ား ၾကားေနရေၾကာင္း ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔သတင္းေပးပို႔သည္။

” ၇ နာရီ ၄၀ ေလာက္မွာ KNLA က ဝင္ပစ္တာ၊ ၿပီးေတာ့ ႏွစ္ဖက္ပစ္ခတ္ၾကတယ္၊ အခုထိ စစ္ေကာင္စီဘက္က ပစ္ေနတုန္းပဲ၊ အဲဒီယြန္းစလင္းျမစ္အေနာက္ဘက္ကမ္းနဲ႔ မကာဟဲအုပ္စုက ေနအိမ္ေတြကို စစ္ေကာင္စီက ေန႔လယ္ေလာက္တုန္းကေတာ့ ေရႊ႕ခိုင္းထားတယ္၊ ဘာလို႔လဲေတာ့ မသိဘူး၊ KNU က လာပစ္တာ ခဏေလးပဲ၊ သူတို႔ကသာ ေၾကာက္ၿပီးျပန္ပစ္ေနတာ” ဟု အဆိုပါ ေဒသခံမွ ေျပာသည္။

ဖာပြန္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီ၏ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္လက္ေအာက္ခံ ခမရ ၁၉ တပ္ရင္း အေျခစိုက္ထားၿပီး အဆိုပါနယ္ေျမသည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ စစ္ေရးလႈပ္ရွားရာ နယ္ေျမလည္း ျဖစ္သည္။  crd-

————

ဖာပွန်မြို့ ယွန်းစလင်းတံတားရှိ စစ်ကောင်စီ ကင်းစခန်းကို KNLA မှ ယနေ့ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်
ရန်ကုန်၊ သြဂုတ် ၂၉

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ယွန်းစလင်းမြစ်ကူးတံတားရှိ စစ်ကောင်စီ ကင်းစခန်းကို ယနေ့ည ၇ နာရီ ၄၀ မိနစ်တွင် ကရင်လွတ်မြောက်ရေးတပ်မတော် KNLA မှ ဝင်ရောက်ပစ်ခတ်ပြီး လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်နေသည့် သေနတ်သံများ ကြားနေရကြောင်း ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့သတင်းပေးပို့သည်။

” ၇ နာရီ ၄၀ လောက်မှာ KNLA က ဝင်ပစ်တာ၊ ပြီးတော့ နှစ်ဖက်ပစ်ခတ်ကြတယ်၊ အခုထိ စစ်ကောင်စီဘက်က ပစ်နေတုန်းပဲ၊ အဲဒီယွန်းစလင်းမြစ်အနောက်ဘက်ကမ်းနဲ့ မကာဟဲအုပ်စုက နေအိမ်တွေကို စစ်ကောင်စီက နေ့လယ်လောက်တုန်းကတော့ ရွှေ့ခိုင်းထားတယ်၊ ဘာလို့လဲတော့ မသိဘူး၊ KNU က လာပစ်တာ ခဏလေးပဲ၊ သူတို့ကသာ ကြောက်ပြီးပြန်ပစ်နေတာ” ဟု အဆိုပါ ဒေသခံမှ ပြောသည်။

ဖာပွန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၁၉ တပ်ရင်း အခြေစိုက်ထားပြီး အဆိုပါနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။ crd-

Add a Comment

Your email address will not be published. Required fields are marked *