စစ္ေကာင္စီ ကား ၁ စီး ေျမာက္တက္သြားၿပီး “ဗုံးကြဲသံ အရမ္းက်ယ္တယ္၊ ဘယ္ႏွစ္ေယာက္ေသတယ္ဆိုတာေတာ့ သြားမၾကည့္ရဲလို႔ မသိဘူး၊
|တန႔္ဆည္၊ ေဒါင္ႀကီးေက်းရြာဘက္သို႔ လာေသာ စစ္ေကာင္စီကား ၂ စီး ဗုံးခြဲတိုက္ခိုက္ခံရ၊ ထိခိုက္ဆသဆုံးမႈရွိနိုင္
ရန္ကုန္၊ ၾသဂုတ္ ၁၆
စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕ အေနာက္ေျမာက္ဘက္ရွိ ေဒါင္ႀကီးေက်းရြာသို႔ ဝင္ေရာက္လာေသာ
အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းသည္ ၾသဂုတ္လ ၁၆ ရက္ နံနက္ ၈ နာရီ ၄၀ မိနစ္တြင္ မိုင္းခြဲတိုက္ခိုက္ခံရၿပီး
ထိခိုက္ေသဆုံးမႈရွိနိုင္ေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သတင္းရရွိသည္။
ေဒါင္ႀကီးေက်းရြာဘက္သို႔ အိမ္စီးကား ၂ စီးျဖင့္ လာေရာက္ေသာ စစ္ေကာင္စီယာဥ္တန္းကို ရြာအဝင္ဆိုင္းဘုတ္အနီးတြင္
တန႔္ဆည္ျပည္သူ႔ရဲေဘာ္အဖြဲ႕မွ မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း၊ စစ္ေကာင္စီ ကား ၁ စီး ေျမာက္တက္သြားၿပီး
ထိခိုက္က်ဆုံးမႈရွိနိုင္ေၾကာင္း တန႔္ဆည္ျပည္သူ႔ရဲေဘာ္တပ္ဖြဲ႕ထံမွ သိရသည္။
“ဗုံးကြဲသံ အရမ္းက်ယ္တယ္၊ ဘယ္ႏွစ္ေယာက္ေသတယ္ဆိုတာေတာ့ သြားမၾကည့္ရဲလို႔ မသိဘူး၊
သူတို႔ ကားေတြနဲ႔ လာျပန္သယ္သြားတာ ေတြ႕လိုက္တဲ့သူရွိတယ္၊ မေန႔ညကလည္း ဗုံးကြဲသံၾကားရတယ္
ဘယ္နားမွာကြဲလဲေတာ့ မသိဘူး” ဟု ေဒသခံတစ္ဦးမွ အတည္ျပဳေျပာဆိုသည္။
ဗုံးကြဲမႈျဖစ္ၿပီးေနာက္ ေရဦးၿမိဳ႕နယ္ဘက္မွ စစ္ကားမ်ား တန႔္ဆည္ဘက္ကို အရွိန္နဲ႔ ေမာင္းႏွင္သြားေၾကာင္း
မ်က္ျမင္တစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ သတင္းေပးပို႔သည္။
ယေန႔နံနက္ ၉ နာရီခန႔္တြင္လည္း စစ္ေကာင္စီတပ္မ်ားအား လမ္းျပလုပ္ေပးေနသူ ေမာင္မ်ိဳးဆိုသူ၏
ဇီဝက ေဆးဆိုင္အတြင္း ေသနတ္သံ ၃ ခ်က္ခန႔္ၾကားရၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားေရာက္လာကာ ဗုံးကြဲသံပါ ထပ္ၾကားရေၾကာင္း
ေဒသသတင္းရင္းျမစ္ထံမွ သိရသည္။
ဗုံးကြဲမႈမ်ားေၾကာင့္ ထိခိုက္က်ဆုံးမႈစာရင္းကို ရန္ကုန္ေခတ္သစ္အေနျဖင့္ သီးျခားအတည္ျပဳနိုင္ျခင္းမရွိေသးေပ။
တန့်ဆည်၊ ဒေါင်ကြီးကျေးရွာဘက်သို့ လာသော စစ်ကောင်စီကား ၂ စီး ဗုံးခွဲတိုက်ခိုက်ခံရ၊ ထိခိုက်ဆသဆုံးမှုရှိနိုင်
ရန်ကုန်၊ သြဂုတ် ၁၆
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်မြောက်ဘက်ရှိ ဒေါင်ကြီးကျေးရွာသို့ ဝင်ရောက်လာသော
အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် သြဂုတ်လ ၁၆ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး
ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ဒေါင်ကြီးကျေးရွာဘက်သို့ အိမ်စီးကား ၂ စီးဖြင့် လာရောက်သော စစ်ကောင်စီယာဉ်တန်းကို ရွာအဝင်ဆိုင်းဘုတ်အနီးတွင်
တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ ကား ၁ စီး မြောက်တက်သွားပြီ
း ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ထံမှ သိရသည်။
“ဗုံးကွဲသံ အရမ်းကျယ်တယ်၊ ဘယ်နှစ်ယောက်သေတယ်ဆိုတာတော့ သွားမကြည့်ရဲလို့ မသိဘူး၊
သူတို့ ကားတွေနဲ့ လာပြန်သယ်သွားတာ တွေ့လိုက်တဲ့သူရှိတယ်၊ မနေ့ညကလည်း ဗုံးကွဲသံကြားရတယ်
ဘယ်နားမှာကွဲလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးမှ အတည်ပြုပြောဆိုသည်။
ဗုံးကွဲမှုဖြစ်ပြီးနောက် ရေဦးမြို့နယ်ဘက်မှ စစ်ကားများ တန့်ဆည်ဘက်ကို အရှိန်နဲ့ မောင်းနှင်သွားကြောင်း
မျက်မြင်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။
ယနေ့နံနက် ၉ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်များအား လမ်းပြလုပ်ပေးနေသူ မောင်မျိုးဆိုသူ၏
ဇီဝက ဆေးဆိုင်အတွင်း သေနတ်သံ ၃ ချက်ခန့်ကြားရပြီး ရဲတပ်ဖွဲ့ဝင်များရောက်လာကာ ဗုံးကွဲသံပါ ထပ်ကြားရကြောင်း
ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။
ဗုံးကွဲမှုများကြောင့် ထိခိုက်ကျဆုံးမှုစာရင်းကို ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။