စစ်ကောင်စီ ကျရှုံးဖို့ နီးကပ်နေသည့် အချက်အလက်များ
——-
စစ်ကောင်စီ အနိုင်ရဖို့ဝေးကွာပြီး ကျရှုံးဖို့ နီးကပ်နေသည့် အချက်အလက်များ
ရလာဒ်တစ်ခုအတွက် စစ်ဆေးအဖြေရှာတဲ့အခါ Data မြေပြင်အချက်အလက်နဲ့သာ စကားပြောကြပါတယ် Data မပါဘဲနဲ့ အချက်အလက်များကို ပါးစပ်ပြောနဲ့လက်ခံလေ့မရှိကြပါဘူးလက်ရှိ စစ်ကောင်စီ အနိုင်နဲ့ ဝေးကွာပြီး ကျရှုံးဖို့နီးကပ်စေတဲ့ မြေပြင်အချက်အလက်များကိုဖော်ပြပေးလိုက်ပါတယ်
နံပါတ် ၁ legimaticy တရားဝင်မှု လုံးဝမရှိပါဘူးအနောက်နိုင်ငံတွေက လုံးဝလက်မခံသလို စီးပွားဖြစ်နိုင်ငံတွေက လက်ခံချင်ရင်တောင် အစိုးရအဖြစ်သတ်မှတ်လို့ရတဲ့ ဂယ်ပေါက်မရှိပါဘူး တိုင်းပြည်တည်ငြိမ်မှသာ အရှေ့နိုင်ငံတွေက ခွေးဂယ်ပေါက်ကနေ စလက်ခံရဲမှာပါ အခုချိန် လက်ခံလိုက်ရင် သူတို့ ရင်းနီးမြှုပ်နှံမှုတွေဟာ ဒုက္ခရောက်သွားနိုင်တဲ့အခြေအနေရှိတဲ့အတွက်ဖြစ်သည်
နံပါတ် ၂ ပြည်သူကလည်း လက်မခံခြင်းနံပါတ် ၃ဆန္ဒပြပွဲတွေ ကို အကြမ်းဖက်ဖြိုခွင်းသော်လည်း ငြိမ်သက်ခြင်းမရှိသေးခြင်းနံပါတ် ၄ ပြည်သူ့ CDM ကို မကျော်နိုင်သေးပါဘူးမကျော်နိုင်တော့ဘူးလို့တောင် ပြောလို့ရပါတယ် ထီကဏ္ဍနဲ့ ကျမ်းမာရေးကဏ္ဍတွေဟာ ထင်ရှားတဲ့အရာတွေပဲဖြစ်သည်
နံပါတ်၅ ဒေသန္တရ PDF တွေ ကို မဖြိုခွဲနိုင်တဲ့အပြင် အဖွဲ့အသေး အလတ် အကြီး ထောင်ဂဏန်းထိရှိလာသလို လက်နက်အင်အားလည်း ပိုအားကောင်းလာခြင်း ဒေသန္တရ pdf မှာ စစ်ကိုင်း ချင်း ကယား တို့ဟာ တပ်ရင်း တပ်ဖွဲ့ကြီးမားစွာရှိနေပြီဖြစ်တဲ့ ဒေသန္တရ PDF တွေဖြစ်သည်
နံပါတ် ၆ စစ်တိုင်း ၆ ခုမှာ ဖွဲ့စည်းထားတဲ့ EAO တွေနဲ့အနီးကပ်ရှိနေတဲ့ NUG ရဲ့ ဗဟို pdfနံပါတ် ၇ အရည်အတွက် ခန့်မှန်းလို့မရတဲ့ တပ်တွင်း PDFဖြစ်ပါတယ် ဖရဲသီးလို့ နာမည်ပေးထားကြသည် နံပါတ် ၈ တပ်ပြင် pdf ဖြစ်ပါတယ် CDM စစ်သားလို့သိကြသည်
နံပါတ် ၉ EAOs တွေပဲဖြစ်သည် အင်အားအကြီးဆုံးဖြစ်တဲ့KIA KNU ဟာ နှစ်ပေါင်း ဆယ်စုနှစ်မက ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ စစ်ရေးပြည့်ဝတဲ့ EAOs တွေဖြစ်ပါတယ် ဒါ့အပြင် နောက်မှပေါ်လာသည့် AA ကဲ့သို့ EAO များဟာလည်း ၎င်းတို့လူမျိုးစုနယ်မြေများတွင် အာဏာသက်ရောက်နေပေသည်
နံပါတ် ၁ဝ NUG ပဲဖြစ်ပါတယ် NUG နောက်မှာ ပြည်တွင်း ပြည်ပပြည်သူတစ်ရပ်လုံး လူအား ငွေအားဖြင့်ရပ်တည်နေသလို သူ့တရားဝင် legimaticy ဟာလည်း ပြည်သူအပေါ် သက်ရောက်နေသည်နံပါတ် ၁၁ ကတော့အရေးမပါဘူးထင်ရပေမယ့် စကစကို ဒုက္ခပေးသွားနိုင်တဲ့ ပြည်တွင်းမီဒီယာ CNN ကဲ့သို့ နိုင်ငံတကာကို လွှမ်းမိုးတဲ့မီဒီယာများအပြင် နိုင်ငံတကာရဲ့ရပ်တည်ချက်နဲ့ ရာဇဝတ်ခုံရုံးတွေပါ
အထက်ပါအချက်များအရ စစ်ကောင်စီအနေနဲ့ အနိုင်နဲဝေးကွာလွန်းနေပြီး ကျရှုံးဖို့ လွယ်ကူနေတဲ့အချက်အလက်တွေပဲဖြစ်သည်နိုင်ငံရေးသုံးသပ်သူတွေကတော့ NUG PDF EAO တပ်တွင်း တပ်ပြင် စွန့်ခွာမှုတွေမရှိခဲ့ရင်တောင် ပြည်သူ့ CDM ရဲ့ အကျိုးဆက်ဖြစ်တဲ့ ထီ ကျမ်းမာရေး ဘဏ် crisis စီးပွားရေး crisis စတာတွေကြောင့် အနည်းဆုံး ၁၀ စုနှစ်တစ်ခုအထိ တည်ငြိမ်အောင်လုပ်ဖို့မလွယ်ကူတော့ဘူးလို့ အင်တာဗျူးအသီးသီးမှာ သုံးသပ်ထားကြကြောင်း မြေပြင် အချက်အလက်များအရ ထုတ်ဖော်ရေးသားလိုက်သည်
Crd..ဖြိုးဝေ (facts check)
——-