စစ္ေဘးေရွာင္မိခင္ရဲ့ဗိုက္ထဲကေန လူ႔ေလာကႀကီးထဲကို ေအာင္ျမင္စြာေရာက္ရွိလာတဲ့ ကေလးငယ္ေလး
|အာဏာသိမ္းမႈျဖစ္ပြားအၿပီး ခ်င္းျပည္နယ္၊မင္းတပ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြအၾကား တိုက္ပြဲေတြမၾကာခဏျဖစ္ပြားေနခဲ့ပါတ
ယ္။ အဆိုပါတိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူေတြဟာလည္း ေဘးလြတ္ရာေနရာေတြ၊ေတာေတာင္ေတြထဲ သြားေရာက္ၿပီး စစ္ေဘးေရွာင္ေနခဲ့ရပါတယ္။ စစ္ေ
ဘးေရွာင္ျပည္သူေတြထဲ ကေလးငယ္ေတြ၊သက္ႀကီးရြယ္အိုေတြနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြအမ်ားဆုံးပါဝင္ေနၾကကာ အကူအညီေတြလည္း လိုအပ္လ်က္ရွိေနတာျ
ဖစ္ပါတယ္။ ခ်င္းျပည္နယ္၊မင္းတပ္ၿမိဳ႕နယ္ကေတာ့ စစ္အုပ္ခ်ဳပ္ေရးေၾကညာခံထားရတဲ့ ၿမိဳ႕နယ္တစ္ခုပဲျဖစ္ပါတယ္။
ယေန႔ၾသဂုတ္လ(၃)ရက္ေန႔မွာေတာ့ ခ်င္းျပည္နယ္၊ မင္းတပ္ရွိ စစ္ေဘးေရွာင္စခန္းတစ္ခုက ကိုယ္ဝန္ေဆာင္မိခင္တစ္ေယာက္ဟာ သူမရဲ့ရင္ေသြးငယ္ေလးကို ေ
အာင္ျမင္စြာေမြးဖြားနိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ အဆိုပါကေလးငယ္ေလးဟာ တိုက္ပြဲေတြျဖစ္ေနတဲ့ကာလအတြင္းမွာပဲ စစ္ေဘးေရွာင္မိခင္ရဲ့ဗိုက္ထဲကေန လူ႔ေလာ
ကႀကီးထဲကို ေအာင္ျမင္စြာေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ေမြးဖြားလာၿပီးၿပီးခ်င္း အခ်ိန္ပိုင္းအတြင္းမွာပဲ မ်က္လုံးေလးပြင့္လာၿပီး မ်က္ႏွာျပဳံးရႊင္ေနတဲ့ အဆိုပါကေ
လးငယ္ေလးကိုၾကည့္ကာ ျပည္သူအမ်ားအျပားက ခ်စ္ခင္ေနၾကပါတယ္။
ယခုမွာေတာ့ ကေလးေမြးဖြားထားတဲ့ မိခင္ျဖစ္သူေရာ ကေလးငယ္ေလးပါ က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရွိရပါတယ္။ ျပည္သူတစ္ဦးကေတာ့ ” တိုက္ပြဲကာလ
အတြင္း ေမြးဖြားတဲ့ကေလးေလး သိပ္ခ်စ္ဖို႔ေကာင္းတယ္ဗ်ာ သူငယ္ခ်င္း Nine Shing Aung နဲ႔ ညီမေလး Yaung Nge တို႔ရဲ့ ႀကိဳးစားေပးဆပ္မႈ ႏွင့္အတူ လူ႔ေလာက
ဆီ အေရာက္ပို႔ေဆာင္နိုင္ခဲ့တယ္။ တကယ္ကို ေက်းဇူးတင္တယ္”ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။ ေမြးဖြားၿပီးၿပီးခ်င္း ျပဳံးရႊင္ေနတဲ့
ကေလးငယ္ေလးရဲ့ ခ်စ္စရာပုံရိပ္ေလးေတြကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
အာဏာသိမ်းမှုဖြစ်ပွားအပြီး ချင်းပြည်နယ်၊မင်းတပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေမကြာခဏ
ဖြစ်ပွားနေခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေ၊တောတောင်တွေထဲ သွားရောက်ပြီး စစ်ဘေး
ရှောင်နေခဲ့ရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေထဲ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအများဆုံးပါဝင်နေကြကာ
အကူအညီတွေလည်း လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တစ်ခုပဲဖြစ်ပါတယ်။
ယနေ့သြဂုတ်လ(၃)ရက်နေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ သူမရဲ့
ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကလေးငယ်လေးဟာ တိုက်ပွဲတွေဖြစ်နေတဲ့ကာလအတွင်းမှာပဲ စစ်
ဘေးရှောင်မိခင်ရဲ့ဗိုက်ထဲကနေ လူ့လောကကြီးထဲကို အောင်မြင်စွာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မွေးဖွားလာပြီးပြီးချင်း အချိန်ပိုင်းအတွင်းမှာပဲ
မျက်လုံးလေးပွင့်လာပြီး မျက်နှာပြုံးရွှင်နေတဲ့ အဆိုပါကလေးငယ်လေးကိုကြည့်ကာ ပြည်သူအများအပြားက ချစ်ခင်နေကြပါတယ်။
ယခုမှာတော့ ကလေးမွေးဖွားထားတဲ့ မိခင်ဖြစ်သူရော ကလေးငယ်လေးပါ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရှိရပါတယ်။ ပြည်သူတစ်ဦးကတော့ ”
တိုက်ပွဲကာလအတွင်း မွေးဖွားတဲ့ကလေးလေး သိပ်ချစ်ဖို့ကောင်းတယ်ဗျာ သူငယ်ချင်း Nine Shing Aung နဲ့ ညီမလေး Yaung Nge တို့ရဲ့ ကြိုးစားပေးဆပ်
မှု နှင့်အတူ လူ့လောကဆီ အရောက်ပို့ဆောင်နိုင်ခဲ့တယ်။ တကယ်ကို ကျေးဇူးတင်တယ်”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ
ရေးသားထားခဲ့ပါတယ်။ မွေးဖွားပြီးပြီးချင်း ပြုံးရွှင်နေတဲ့ ကလေးငယ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။