မင်းတပ် စစ်ဘေးရှောင်ပြည်သူတွေကို ကုလသမဂ္ဂ စတင် ကူညီပြီ
ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မင်းကြီးရုံး (UNHCR) က မင်းတပ်မြို့နယ်ရှိ
စစ်ဘေးရှောင်ပြည်သူများအတွက် စားကုန်မဟုတ်သော အခြေခံလူသုံးကုန်ပစ္စည်းများကို
ကား ၅ စီးဖြင့် စတင် ပို့ဆောင်ပေးနေပြီဖြစ်ကာ ယနေ့ ဇူလိုင် ၁၉ရက်နေ့တွင် မင်းတပ်မြို့သို့ရောက်ရှိမည်ဟု သိရပါသည်။