စစ္ေကာင္စီ သုံးရန္ သီးသန္႔ သြယ္တန္းထားေသာ ေလာပိတမွ ေနျပည္ေတာ္ ဓါတ္အားလိုင္း တာဝါတိုင္မ်ားကို ဖယ္ခုံ PDF က မိုင္းခြဲဖ်က္ဆီး (႐ုပ္/သံ)
|စစ္ေကာင္စီ သုံးရန္ သီးသန္႔ သြယ္တန္းထားေသာ ေလာပိတမွ ေနျပည္ေတာ္
ဓါတ္အားလိုင္း တာဝါတိုင္မ်ားကို ဖယ္ခုံ PDF က မိုင္းခြဲဖ်က္ဆီး (႐ုပ္/သံ)
ရွမ္း-ကယားနယ္စပ္၊ ဖယ္ခုံၿမိဳ႕နယ္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္ၾကား လြယ္ဟဲေက်းရြာအနီးရွိ
ေလာပိတအမွတ္ ၃ လၽွပ္စစ္ဓါတ္အားစက္႐ုံမွ ေနျပည္ေတာ္သို႔ သြယ္တန္းထားသည့္
မဟာဓါတ္အားလိုင္း တာဝါတိုင္ ၂ ခုကို ၾသဂုတ္လ ၁၂ ရက္ ညေန ၃ နာရီခြဲတြင္
ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မွ မိုင္းခြဲဖ်က္ဆီးနိုင္ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါ တာဝါတိုင္ ၂ ခုသည္ ေလာပိတမွ ေနျပည္ေတာ္၊ ေလာပိတမွ မႏၲေလး သို႔
သြယ္တန္းထားေသာ မဟာဓါတ္အားလိုင္း ၂ ခုအနက္ ျပည္သူလူထုမ်ားအတြက္
သုံးစြဲရန္ မဟုတ္ဘဲ စစ္ေကာင္စီသီးသန႔္ သုံးစြဲရန္ သြယ္တန္းထားေသာ
ဓါတ္အားလိုင္းမ်ားျဖစ္သည္ဟု ဖယ္ခုံ PDF ထံမွ သိရသည္။
ယင္းသို႔ ေဖာက္ခြဲဖ်က္ဆီးၿပီးေနာက္ ၾသဂုတ္လ ၁၄ ရက္ တြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္
ျပည္သူ႔စစ္ PNO အဖြဲ႕မ်ားက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားထံ ထိုးစစ္ဆင္တိုက္ခိုက္ၿပီး
လြယ္ဟြဲေက်းရြာႏွင့္ ပင္ပုံရြာ အနီးတြင္ တိုင္းပြဲျပင္းထန္ခဲ့ၿပီး မိုင္းခြဲတိုက္ခိုက္ခံရျခင္းေၾကာင့္
စစ္ေကာင္စီႏွင့္ ျပည္သူ႔စစ္တပ္ဖြဲ႕အမ်ားအျပားက်ဆုံးခဲ့သည္ဟု PDF ဖယ္ခုံက
ယေန႔ ထုတ္ျပန္ထားသည္။
အထိနာခဲ့ေသာ စစ္ေကာင္စီသည္ ၾသဂုတ္လ ၁၅ ရက္တြင္ ဖယ္ခုံၿမိဳ႕နယ္အတြင္းရွိ
အဆိုပါေဒသသို႔ လြိဳင္ေကာ္မွ စစ္ကား ၃၈ စီး စစ္သည္အင္အား ၄၀၀ ေက်ာ္ခန႔္ျဖင့္
ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး ဖယ္ခုံ၊ မိုးျဗဲ၊ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား၊
ကရင္နီတပ္မေတာ္၊ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းကာ
စစ္ေကာင္စီကို ခုခံတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
စစ်ကောင်စီ သုံးရန် သီးသန့် သွယ်တန်းထားသော လောပိတမှ နေပြည်တော်
ဓါတ်အားလိုင်း တာဝါတိုင်များကို ဖယ်ခုံ PDF က မိုင်းခွဲဖျက်ဆီး (ရုပ်/သံ)
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား လွယ်ဟဲကျေးရွာအနီးရှိ
လောပိတအမှတ် ၃ လျှပ်စစ်ဓါတ်အားစက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့်
မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို သြဂုတ်လ ၁၂ ရက် ညနေ ၃ နာရီခွဲတွင်
ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တာဝါတိုင် ၂ ခုသည် လောပိတမှ နေပြည်တော်၊ လောပိတမှ မန္တလေး သို့
သွယ်တန်းထားသော မဟာဓါတ်အားလိုင်း ၂ ခုအနက် ပြည်သူလူထုများအတွက်
သုံးစွဲရန် မဟုတ်ဘဲ စစ်ကောင်စီသီးသန့် သုံးစွဲရန် သွယ်တန်းထားသော
ဓါတ်အားလိုင်းများဖြစ်သည်ဟု ဖယ်ခုံ PDF ထံမှ သိရသည်။
ယင်းသို့ ဖောက်ခွဲဖျက်ဆီးပြီးနောက် သြဂုတ်လ ၁၄ ရက် တွင် အကြမ်းဖက်စစ်ကောင်စီနှင့်
ပြည်သူ့စစ် PNO အဖွဲ့များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထိုးစစ်ဆင်တိုက်ခိုက်ပြီး
လွယ်ဟွဲကျေးရွာနှင့် ပင်ပုံရွာ အနီးတွင် တိုင်းပွဲပြင်းထန်ခဲ့ပြီး မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့်
စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့အများအပြားကျဆုံးခဲ့သည်ဟု PDF ဖယ်ခုံက
ယနေ့ ထုတ်ပြန်ထားသည်။
အထိနာခဲ့သော စစ်ကောင်စီသည် သြဂုတ်လ ၁၅ ရက်တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ
အဆိုပါဒေသသို့ လွိုင်ကော်မှ စစ်ကား ၃၈ စီး စစ်သည်အင်အား ၄၀၀ ကျော်ခန့်ဖြင့်
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊
ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ
စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
source- Khit Thit