စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေးသွားပြီ

NPDF က စစ်အုပ်စုကို တိုက်ခိုက်ရာ လေတပ် တကက အလောင်းနှင့် လက်နက် သိမ်းဆည်း ရရှိ၊

MFP ၊ ဇန္နဝါရီ – ၂၀

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေးသွားပြီး အလောင်းနှင့် လက်နက် သိမ်းဆည်း ရရှိခဲ့သလို စစ်ကူလာတဲ့ကားနဲ့ အလောင်းလာကောက်တဲ့ စစ်အုပ်စုကို နှစ်ကြိမ်ဆက် ဆက်လက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက်များတယ်လို့ Natogyi People Defence Force – မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇန်နဝါရီ(၂၀)ရက် မနက်(၁၁)နာရီကျော်အချိန် နွားထိုးကြီးမြို့ ဝက်လူးရွာ ရဲစခန်းထဲက ထွက်လာတဲ့ အင်အား (၁၅)ယောက်ခန့်ပါ စစ်အုပ်စုကို ဒဟတ်တောရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထွက်ပြေးသွားပြီး မိတ္ထီလာ လေတပ်က တပ်ကြပ်ကြီးအဆင့် တစ်ယောက်ရဲ့ အလောင်း၊ (MA-3) သေနတ်တစ်လက်၊ ကျည်ဆံနှင့် ကျည်ကာအင်္ကျီ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဝက်လူးရဲစခန်းထဲက ထွက်လာတဲ့ စခ (၁၅)ကောင်နဲ့ ဒဟတ်တောရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့က တိုက်ခိုက်တဲ့အချိန်မှာ ခွေးတွေ ထွက်ပြေးသွားလို့ ကျွန်တော်တို့က နောက်က လိုက်ပြီး ပစ်ခတ်ပါတယ်။ အဲ့ဒီမှာ တပ်ကြပ်ကြီးဖြစ်မယ်ထင်တာ်၊ ပုလုံးမှာ သုံးရစ်နဲ့ မိတ္ထီလာ လေတပ်က တစ်ယောက်သေတယ်။

ကျွန်တော်တို့ အလောင်း ရတာပေါ့။ ပြီးတော့ ူကိုင်တဲ့ (MA-3) သေနတ်တစ်လပ်၊ ကျည် (၁၉)တောင့်၊ ကျည်ဘောက်နဲ့ ကျည်ကာသိမ်းဆည်း ရရှိပါတယ်” လို့ Natogyi People Defence Force – NPDF တပ်ဖွဲ့ဝင် ရဲဘော်က MFP ကို ပြောပါတယ်။

အဲ့ဒီနောက် နေ့လည်(၁)နာရီဝန်းကျင် စစ်ကူလာတဲ့ ကားကို နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာနှင့် ပဲချက်ရွာအနီးမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေ(၄)နာရီဝန်းကျင်မှာလည်း အလောင်းကောက်ပြီး ပြန်လာတဲ့ စစ်ကား လေးစီးကို ထန်းဇင်ရွာအနီးမှာ ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ နှစ်ကြိမ်လုံး စခတွေ အသေအပျောက် များပါတယ်။ အရေအတွက်တော့ အတည်မပြု နိုင်သေးပါဘူး။ ဒါပေမယ့် ဒီကောင်တွေ မိုင်းကွင်းထဲ ဝင်လာတဲ့အချိန် ဖောက်ခွဲခဲ့တာမို့ အသေအပျောက် တော်တော်များနိုင်ပါတယ်” လို့ NPDF ရဲဘော်က ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို Natogyi People Defence Force – မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တပ်ဖွဲ့ဝင်တွေအားလုံး အန္တရာယ်ကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ နွားထိုးကြီးနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

NPDF က စစ်အုပ်စုကို တိုက်ခိုက်ရာ လေတပ် တကက အလောင်းနှင့် လက်နက် သိမ်းဆည်း ရရှိ၊

MFP ၊ ဇန်နဝါရီ – ၂၀

Add a Comment

Your email address will not be published. Required fields are marked *