စာနာစိတ်နဲ့ Dead Body တွေ လိုက်ကောက်ပေးနေတာကို ပိုက်ဆံဘယ်လောက်ပေးရမလဲ ဆိုတဲ့ စကားကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ လူငယ်လေး
မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ ခုချိန်မှာ ကိုဗစ် တတိယလှိုင်းကို ကိုယ်ထူ ကိုယ်ထ နဲ့ပဲ အားတင်းကာ ဖြစ်ကျော်နေရပါတယ် ။ ပြည်သူမှာ ပြည်သူတွေ
ပဲ ရှိလို့ အားလုံးက တတ်စွမ်းသလောက် ဝိုင်းဝန်းကူညီနေကြတာ တွေ့ရပါတယ် ။ ပရဟိတ အသင်းတွေဆိုလည်း နေ့မအား ညမအား ထမင်းတောင် သုသာ
န်မှာ ဖြစ်သလိုထိုင်စားရသည်အထိ အနစ်နာခံ ကူညီပေးနေကြတာပါ ။
လူငယ်လေးတွေခမျာလည်း လူသားချင်းစာနာစိတ်နဲ့ အောက်ဆီဂျင် ဖြည့်ပေးတဲ့ နေရာတွေမှာ နေ့ရော ညရော အခမဲ့ တန်းစီကာ ကူညီပေးနေကြတာ တက
ယ်ကို လေးစားစရာပါပဲ ။ ဒီလို ကူညီပေးကြရာမှာလည်း သူတို့ အနေနဲ့ အကျိုးအမြတ်တစ်ခုလိုချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး မိသားစုချင်း ကိုယ်ချင်းစာ
စိတ် ၊ မျက်နှာလွှဲကာ မနေတတ်တာတွေကြောင့် လုပ်ဆောင်ပေးနေကြတာပါ ။
အခုလည်းလူငယ်လေးတစ်ယောက်မနက်အစောပိုင်းမှာပဲကိုဗစ်ကြောင့် သေဆုံးတဲ့လူနာတွေများစွာကိုလိုက်ကောက်ကာကူညီပေးနေတာကိုတွေရပါတယ်
သူ့ကို ရောဂါကူးစက်မှာကို မစိုးရိမ်ပဲ ကူညီပေးနပေမယ့် ပိုက်ဆံ ဘယ်လောက်ပေးရမလည်းဆိုပြီး ပြောလိုက်တဲ့ လူတစ်ချို့ရဲ့ စကားကြောင့် စိတ်ထိခိုက်
ခဲ့ရကြောင်းကို ” ဒီနေ့ အလောင်း (9) လောင်း နှင့် ကျနော် ညီလေးရေ…မင်းတို့ကို ဘယ်လောက်ပေးရမလဲ? ရော့…လက်ဖက်ရည်ဖိုးလေး ယူကွာ.ဘောင်
ဘီထဲ ထည့်ပေးတာတို့ ..အသည်းပေါက်ဆုံးပဲ….ကျနော်တို့ လက်ဖက်ရည်ဖိုး..မုန့်ဖိုး လိုချင်လို့ လာသယ်နေတာ မဟုတ်ဘူး ကျနော်တို့မှာလဲ မိသားစုရှိတ
ယ်…ကိုယ်ချင်းစာလို့…လာကူညီပေးတာကျနော်တို့ စေတနာတွေကို တန်ဖိုး တန်ကြေးလာမဖြတ်ကြပါနဲ့ဗျာ ဘာမှ မပေးခြင်းဖြင့် ပြန်လည်ကူညီပေးကြပါ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ကိုယ်ကျိုးစွန့်ကာ ကူညီနေကြတဲ့ သူတွေကို အလေးထားပေးဖို့ တိုက်တွန်းလိုက်ပါရစေ ။
Add a Comment
Your email address will not be published. Required fields are marked *