ဆရာစိုင်းခမ်းလိတ် ရေးခဲ့တဲ့ ဘီးနံပါတ် Ok 0122 L ရဲ့အဓိပ္ပါယ်
|ငယ်စဉ်ထဲက ဒါက ဘာပြောချင်တာပါလိမ့် စဉ်းစားခဲ့ဘူးတယ် ။ ခုမှသိရတယ် ကိုယ်လိုပဲ မသိသူများအတွက် ဘီးနံပါတ် Ok 0122 L ရဲ့အဓိပ္ပါယ်ပါ ..
ကိုထီး ဆိုတဲ့ ဆရာစိုင်းခမ်းလိတ် ရေးခဲ့တဲ့သီချင်းတွေ ဖန်တရာတေအောင် နားထောင်ခဲ့ဖူးတယ် ။
တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူး…တဲ့ !!!
တိုင်းရေးပြည်ရေး.. အကြပ်အတည်းတွေ ကြားထဲမှာ..လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ဖြစ်ပါသတဲ့… !
မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ.. !!!
ဆရာစိုင်းခမ်းလိတ် ရေးဖွဲ့ခဲ့တဲ့ ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ…
တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့… ဆိုခဲ့တဲ့ သီချင်းလေးပါတဲ့…
သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက မြစ်ဟိုဘက်ကမ်း.. ဒီဘက်ကမ်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ BCP တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့ !!!
ရှိသေးတယ်.. !!!ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆိုတာ.. ခေါင်မလုံရင် စိုမှာပဲ… အစိုးရမကောင်းရင်..
ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ…
ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့…
လောပိတ ရေတံခွန်ကြီး ရှိနေတဲ့ ကယားပြည်နယ်လေးကတော့ မှောင်လို့ မဲလို့ပေါ့လေ….
အဲ့ဒီ့မှာ… ရန်ကုန်မှာ သာတဲ့လ… ဆိုတဲ့ သီချင်းလေး ဖြစ်လာရတာပါပဲ… !!!သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး
ရှိသေးတယ်…ကျနော်တို့ သိထားတဲ့…ဘီးနံပါတ်… OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ
မင်းသခင်မလေး ခမြာလေ..သိပ်ကို စွဲလမ်းရှာနေ..ပြန်ရွေးလို့ ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ်..တဲ့
ဘီးနံပါတ်.. OK 0122Lဆိုတာ…ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့..
လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ…
OK.. သဘောတူညီချက် စာချုပ်0..(သုည) ဆုံးရွုံးတာ မရလိုက္တာ…12.. နေ့စွဲ2…. လL…Law. ဥပဒေကို ရည်ညွှန်းပါသတဲ့…
ဒီအဓိပ္ပါယ်လေးကို သိမှ ဒီသီချင်းလေး ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်..
ဂီတ..အနုပညာဆိုတာ ဒါပါလား… !!!ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု.. ဖန်တီးနိုင်မှုဟာ လေးစားစရာ…..
သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲကိုယ့်ဥာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး…
ပြောပြတဲ့ အစ်ကိုကိုလဲ တကယ်ကျေးဇူးတင်ပါတယ် ဗျာ…..
သည်ပို့စ်လေးကို ဖတ်မိရင်း တိုင်းရင်းသား ညီကိုမောင်နှမတွေရဲ့ ရင်ထဲကို ပိုမိုနားလည်နိုင်ခဲ့မိရပါတယ်..
တချိန်က ကျွန်တော်တို့တွေ ခင်ဗျားတို့ခံစားချက်တွေ ဘဝတွေကို ခုချိန်ခါလောက် နားမလည်တတ်ခဲ့မိတာတွေကို တောင်းပန်လိုက်ပါရစေ… ! 🙏🙏🙏
အောင်(နီလိုင်း)edit OK 0122L ဆိုတာကို သေဘာက်မိလို့ပါcredit Ko Myo Thet Paing