တနသၤာရီတိုင္းျပည္သူ႔ကာကြယ္ေရးတပ္အင္အား ၁၀၀ NUG ကာကြယ္ေရးဝန္ႀကီးဌာနသို႔ ပူးေပါင္း
|တနသၤာရီတိုင္း ျပည္သူ႔ကာကြယ္ေရးတပ္ Tanintharyi Defense Force (TDF) ဟာ စစ္သည္အင္အား ၁၀၀ နဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီး ဌာန၊ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို ဒီေန႔ ဝင္ေရာက္ပူးေပါင္းလိုက္ပါတယ္။
“မိမိတို႔သည္ စစ္အာဏာရွင္စနစ္က်ရႈံးေရးအတြက္ အမ်ိဳးသားညီညႊတ္ေရးအစိုးရရဲ့ ကာကြယ္ေရးဆိုင္ရာမူဝါဒမ်ားႏွင့္အညီ လိုက္နာေဆာင္ရြက္သြားမည္ျဖစ္ၿပီး အၾကမ္းဖက္ စစ္ေကာင္စီကို အစြမ္းကုန္ တြန္းလွန္ေျခမႈန္းသြားမွာျဖစ္ေၾကာင္း ထပ္ေလာင္း အသိေပး အပ္ပါတယ္။”
ျပည္သူ႔ကာကြယ္ေရးအဖြဲ႕(TDF) ရဲ့ အရန္တပ္ေတြအေနနဲ႔ တိုင္းေဒသႀကီးအတြင္းရွိ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။
စက္တင္ဘာ ၇ ရက္ေန႔ဟာ ေႏြဦးေတာ္လွန္ေရးရဲ့ စစ္ဆင္ေရးစတင္တဲ့ေန႔ D-Day အျဖစ္ အမ်ိဳးသားညီညြတ္ေရးအစိုးရက စတင္ေၾကညာထားပါတယ္။
ဒါေၾကာင့္ နိုင္ငံတဝန္းက ျပည္သူေတြအေနနဲ႔ စစ္ေကာင္စီႏွင့္ပူးေပါင္းေဆာင္ရြက္ျခင္း မျပဳၾကဖို႔၊ ဝန္ထမ္းမ်ားအေနနဲ႔ ႐ုံးလုပ္ငန္းဆိုင္ရာယႏၲရားေတြ လည္ပတ္ျခင္းမျပဳဖို႔၊ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉးမ်ား အျမန္ႏုတ္ထြက္ၾကဖို႔ ရဲနဲ႔တပ္မေတာ္သားေတြ ျပည္သူ႔ရင္ခြင္ အျမန္ဆုံးခိုလႈံၾကဖို႔ စစ္ေရးကာလအတြင္း ျပည္သူေတြအေနနဲ႔ ရိေကၡနဲ႔ ေဆးဝါးေတြ စုေဆာင္းထားၾကဖို႔ ႏွိုးေဆာ္ထားပါတယ္။
အထက္ပါ အသိေပးခ်က္ေတြ လိုက္နာေဆာင္ရြက္ျခင္းမရွိတဲ့ စစ္ေကာင္စီ၏ယႏၲရားေတြကို ေထာက္ကူလည္ပတ္ေစနိုင္တဲ့ ဝန္ထမ္းေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ဒလန္ေတြကို TDF ရဲ့ အရန္တပ္ဖြဲ႕ေတြအေနနဲ႔ ျပင္ပကေန အေရးယူေဆာင္ရြက္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထးပါတယ္။crd-
——————
တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ် Tanintharyi Defense Force (TDF) ဟာ စစ်သည်အင်အား ၁၀၀ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီနေ့ ဝင်ရောက်ပူးပေါင်းလိုက်ပါတယ်။
“မိမိတို့သည် စစ်အာဏာရှင်စနစ်ကျရှုံးရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီကို အစွမ်းကုန် တွန်းလှန်ခြေမှုန်းသွားမှာဖြစ်ကြောင်း ထပ်လောင်း အသိပေး အပ်ပါတယ်။”
ပြည်သူ့ကာကွယ်ရေးအဖွဲ့(TDF) ရဲ့ အရန်တပ်တွေအနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ဟာ နွေဦးတော်လှန်ရေးရဲ့ စစ်ဆင်ရေးစတင်တဲ့နေ့ D-Day အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက စတင်ကြေညာထားပါတယ်။
ဒါကြောင့် နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဖို့၊ ဝန်ထမ်းများအနေနဲ့ ရုံးလုပ်ငန်းဆိုင်ရာယန္တရားတွေ လည်ပတ်ခြင်းမပြုဖို့၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အမြန်နုတ်ထွက်ကြဖို့ ရဲနဲ့တပ်မတော်သားတွေ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့ စစ်ရေးကာလအတွင်း ပြည်သူတွေအနေနဲ့ ရိက္ခေနဲ့ ဆေးဝါးတွေ စုဆောင်းထားကြဖို့ နှိုးဆော်ထားပါတယ်။
အထက်ပါ အသိပေးချက်တွေ လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ စစ်ကောင်စီ၏ယန္တရားတွေကို ထောက်ကူလည်ပတ်စေနိုင်တဲ့ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်တွေကို TDF ရဲ့ အရန်တပ်ဖွဲ့တွေအနေနဲ့ ပြင်ပကနေ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထးပါတယ်။crd-