တန္႔ဆည္ၿမိဳ႕နယ္ ကေပါင္းက်ေက်းရြာကို လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္
|တန္႔ဆည္ၿမိဳ႕နယ္ ကေပါင္းက်ေက်းရြာကို အၾကမ္းဖက္စစ္တပ္ေတြ ဝင္ေရာက္စီးနင္းခဲ့ၿပီး လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္ခဲ့ရန္ကုန္၊ၾသဂုတ္ ၂၇
စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္ တန္႔ဆည္ ၿမိဳ႕နယ္ ကေပါင္းက်ေက်းရြာကို အၾကမ္းဖက္စစ္တပ္ေတြက မေန႔ညပိုင္းမွာ ဝင္ေရာက္စီးနင္းခဲ့သလိုလက္နက္ႀကီးေတြပါ ပစ္ခတ္ခဲ့တယ္လို႔ အဲဒီေဒသခံေတြက ေျပာပါတယ္။
ဒါ့အျပင္ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာေတာ့ ေက်းရြာမွာရွိတဲ့ လူေနအိမ္ေတြကို အၾကမ္းဖက္စစ္ေကာင္စီေတြက အခုညပိုင္းမွာမီးရွို ႔ဖ်က္စီးေနတဲ့အေၾကာင္းပ်ံ႕ႏွံ့ေနတာပါ။”က်မတို႔ ရြာကို ဒီကေန႔မနက္ပိုင္း သုံးနာရီေလာက္က ဝင္စီးတယ္။အခုညပိုင္းလည္း ရြာက အိမ္ေတြကို မီးရွို႔တယ္တဲ့။
အခ်ိန္မေတာ္ ရြာဝင္စီးနင္းခံရတာ။က်မတို႔ရြာက ဘာျပႆနာမွမရွိခဲ့တဲ့ရြာကို အခုလို မတရားသျဖင့္ ဝင္စီးၾကတာပဲ။ ရြာက ဒလန္ေတြ ဉီးေဆာင္တာလည္း ေျပာေနၾကတယ္။က်မတို႔ဆိုရင္အခ်ိန္မေတာ္မွ ထြက္ေျပးရတယ္။ရြာမွာ လူေတာင္မရွိၾကေတာ့ဘူး။ လြန္ခဲ့တဲ့ နာရီပိုင္းေလာက္ကလည္း ရြာထဲကေန လက္နက္ႀကီးေတြနဲ႔ပါေတာေတြဆီကိုလွမ္းလွမ္းၿပီး ထု႔ေနတာ။
အေျခအေနက အေတာ္ဆိုးေနတယ္”လို႔ ေဒသခံတစ္ဉီးက ေျပာပါတယ္။တန္႔ဆည္ၿမိဳ႕နယ္ ကေပါင္းက်ေက်းရြာကို အၾကမ္းဖက္စစ္ေကာင္စီေတြက တပ္စြဲထားသလို ရြာမွာရွိတဲ့ ကၽြဲ၊ႏြား၊ၾကက္တိရစၧာန္ေတြပါ မက်န္ သတ္ျဖတ္စားေသာက္ေနတယ္လို႔လည္း အဲဒီေဒသခံေတြက ေျပာပါတယ္။
အခုလို အၾကမ္းဖက္စစ္ေကာင္စီေတြက ရြာကို ဝင္ေရာက္စီးနင္းတပ္စြဲထားတဲ့အတြက္ ေဒသခံရြာသားေတြကေတာ့ မိုးသည္းစြာရြာသြန္းေနတဲ့အခ်ိန္မွာပဲေဘးလြတ္ရာကို ဝ႐ုန္းသုန္းကားနဲ႔ ထပ္မံထြက္ေျပးေနၾကရတာပါ။
ကေပါင္းက်ရြာကို အၾကမ္းဖက္စစ္ေကာင္စီေတြက မၾကာခဏဆိုသလို ဝင္ေရာက္စီးနင္းမႈေတြလုပ္ၾကၿပီး အရင္ကလည္း ရြာသားအခ်ိဳ႕ ဖမ္းဆီးထိန္းသိမ္းတာေတြရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
———————–
တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ရန်ကုန်၊သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည် မြို့နယ် ကပေါင်းကျကျေးရွာကို အကြမ်းဖက်စစ်တပ်တွေက မနေ့ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့သလိုလက်နက်ကြီးတွေပါ ပစ်ခတ်ခဲ့တယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတော့ ကျေးရွာမှာရှိတဲ့ လူနေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတွေက အခုညပိုင်းမှာမီးရှို ့ဖျက်စီးနေတဲ့အကြောင်းပျံ့နှံ့နေတာပါ။”ကျမတို့ ရွာကို ဒီကနေ့မနက်ပိုင်း သုံးနာရီလောက်က ဝင်စီးတယ်။အခုညပိုင်းလည်း ရွာက အိမ်တွေကို မီးရှို့တယ်တဲ့။
အချိန်မတော် ရွာဝင်စီးနင်းခံရတာ။ကျမတို့ရွာက ဘာပြဿနာမှမရှိခဲ့တဲ့ရွာကို အခုလို မတရားသဖြင့် ဝင်စီးကြတာပဲ။ ရွာက ဒလန်တွေ ဉီးဆောင်တာလည်း ပြောနေကြတယ်။ကျမတို့ဆိုရင်အချိန်မတော်မှ ထွက်ပြေးရတယ်။ရွာမှာ လူတောင်မရှိကြတော့ဘူး။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကလည်း ရွာထဲကနေ လက်နက်ကြီးတွေနဲ့ပါတောတွေဆီကိုလှမ်းလှမ်းပြီး ထု့နေတာ။
အခြေအနေက အတော်ဆိုးနေတယ်”လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတွေက တပ်စွဲထားသလို ရွာမှာရှိတဲ့ ကျွဲ၊နွား၊ကြက်တိရစ္ဆာန်တွေပါ မကျန် သတ်ဖြတ်စားသောက်နေတယ်လို့လည်း အဲဒီဒေသခံတွေက ပြောပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီတွေက ရွာကို ဝင်ရောက်စီးနင်းတပ်စွဲထားတဲ့အတွက် ဒေသခံရွာသားတွေကတော့ မိုးသည်းစွာရွာသွန်းနေတဲ့အချိန်မှာပဲဘေးလွတ်ရာကို ဝရုန်းသုန်းကားနဲ့ ထပ်မံထွက်ပြေးနေကြရတာပါ။
ကပေါင်းကျရွာကို အကြမ်းဖက်စစ်ကောင်စီတွေက မကြာခဏဆိုသလို ဝင်ရောက်စီးနင်းမှုတွေလုပ်ကြပြီး အရင်ကလည်း ရွာသားအချို့ ဖမ်းဆီးထိန်းသိမ်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။