တိုက်ပွဲသတင်းထုတ်ပြန်ချက်စစ်ကောင်စီကျေးကျွန် အကြမ်းဖက်စစ်သား အနည်းဆုံး ၈ ပွဲ






————-

တိုက်ပွဲသတင်းထုတ်ပြန်ချက်စက်တင်ဘာ ၄ ရက်၊ ၂၀၂၁

ယမန်နေ့က ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များအားမွှေနှောက်ဖျက်စီးမီးရှို့ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လယ်ခြားရွာ ဘက်သို့ဆက်လက်ဦးတည်လာရာ နံနက် ၉ နာရီခန့်မှစတင်၍ နေ့လည် ၁၁ နာရီအချိန်ခန့်ထိ လယ်ခြားရွာအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များဖြင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။

မြေပြင်သတင်းအရ ယမန်နေ့မှစ၍ ယနေ့ နေ့လည်အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီကျေးကျွန် အကြမ်းဖက်စစ်သား အနည်းဆုံး ၈ ဦး သေဆုံးပြီး၊ PDF (Kalay) တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးအစအန ထိမှန် ဒဏ်ရာရထား‌ကြောင်းသိရပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌ကြောင်းသိရပါသည်။

ရှားတောရွာအတွင်း နေအိမ်များကိုလည်း မီးရှို့နေကြောင်း သိရပါသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏အကြမ်းဖက်ရန်ပြုမှုမှ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်‌ပြေးနေကြရပြီး PDF(Kalay) တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပါသည်

crd-     People’s Defence Force (Kalay)

Add a Comment

Your email address will not be published. Required fields are marked *