တိုက္ပြဲေဖာ္ေဆာင္ရန္ အခ်ိန္မက်ေရာက္ေသးသျဖင့္ PDF တပ္ဖြဲ႕ဝင္မ်ားအခ်ိန္မွီ ေရွာင္တိမ္းခဲ့
|ေရစႀကိဳ PDF စခန္းအား အၾကမ္းဖက္စစ္ေကာင္စီမွ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္စီးနင္း၊
PDF တပ္ဖြဲ႕ဝင္မ်ား အခ်ိန္မွီ ေရွာင္တိမ္းနိုင္ခဲ့
ရန္ကုန္၊ ၾသဂုတ္ ၂၀
ေရစႀကိဳျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ အေျခစိုက္စခန္းကို အၾကမ္းဖက္စစ္ေကာင္စီမွ အင္အား ၁၀၀ ခန႔္ျဖင့္
ၾသဂုတ္လ ၁၉ ရက္ နံနက္ ၆ နာရီခြဲတြင္ ဝင္ေရာက္စီးနင္းခဲ့ၿပီး PDF တပ္ဖြဲ႕ဝင္မ်ားမွာ အခ်ိန္မွီ စခန္းအားစြန႔္ခြာၿပီး
ေရွာင္တိမ္းနိုင္ခဲ့ၿပီး ထိခိုက္က်ဆုံးသူ မရွိဟု သတင္းရရွိသည္။
” ေရစႀကိဳၿမိဳ႕နယ္တြင္ တိုက္ပြဲေဖာ္ေဆာင္ရန္ အခ်ိန္မက်ေရာက္ေသးျခင္း၊
မိမိတို႔ သစၥာခံရာ အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ တိုက္ပြဲေခၚသံအား ေစာင့္ဆိုင္းေနျခင္းတို႔ေၾကာင့္
စခန္းအားစြန႔္ခြာ၍ တပ္ဆုတ္ေပးခဲ့ၾကပါသည္” ဟု ေရစႀကိဳ PDF မွ သတင္းထုတ္ျပန္ထားသည္။
ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား ဆုတ္ခြာသြားၿပီးေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္
စခန္းတြင္က်န္ရွိေသာ မီးစက္မ်ား၊ ဆိုင္ကယ္မ်ား၊ ေသနတ္မ်ား၊ ဆန္ရိကၡာမ်ားကို သိမ္းယူသြားၿပီး
စခန္းအား မီးရွို႔သြားခဲ့ေၾကာင္း သိရသည္။
crd-
ရေစကြို PDF စခန်းအား အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၊
PDF တပ်ဖွဲ့ဝင်များ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့
ရန်ကုန်၊ သြဂုတ် ၂၀
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေစိုက်စခန်းကို အကြမ်းဖက်စစ်ကောင်စီမှ အင်အား ၁၀၀ ခန့်ဖြင့်
သြဂုတ်လ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ဝင်ရောက်စီးနင်းခဲ့ပြီး PDF တပ်ဖွဲ့ဝင်များမှာ အချိန်မှီ စခန်းအားစွန့်ခွာပြီး
ရှောင်တိမ်းနိုင်ခဲ့ပြီး ထိခိုက်ကျဆုံးသူ မရှိဟု သတင်းရရှိသည်။
” ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖော်ဆောင်ရန် အချိန်မကျရောက်သေးခြင်း၊
မိမိတို့ သစ္စာခံရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံအား စောင့်ဆိုင်းနေခြင်းတို့ကြောင့်
စခန်းအားစွန့်ခွာ၍ တပ်ဆုတ်ပေးခဲ့ကြပါသည်” ဟု ရေစကြို PDF မှ သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည်
စခန်းတွင်ကျန်ရှိသော မီးစက်များ၊ ဆိုင်ကယ်များ၊ သေနတ်များ၊ ဆန်ရိက္ခာများကို သိမ်းယူသွားပြီး
စခန်းအား မီးရှို့သွားခဲ့ကြောင်း သိရသည်။
crd-source-Khit Thit