တိုင်းပြည်က တော့ တကယ်ပျက်နေပြီ သတိရှိကြပါ














လတ်တလောတွင် ခိုးဆိုးလုယက်မှုတွေက နေရာတိုင်းလိုလိုမှာ အဖြစ်များနေကြတာကို လူမှုကွန်ယက်များတွင်မြင်တွေ့နေရပါတယ်။

ခိုးယူလုယက်သူတို့ကို ဖမ်းမိတဲ့အခါလည်း အရင်လို သက်ဆိုင်ရာကို အပ်နှံဖို့ အဆင်မပြေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေမှာ

တော်တော်လေး အခက်ကြုံနေရပါတယ်။ ဒီနေ့မနက် (၅) နာရီခွဲခန့်တွင်မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ

နေအိမ်တစ်အိမ်တွင် ဆိုင်ကယ်ခိုးယူမှု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ခိုးယူခံရတဲ့ လူငယ်လေးရဲ့ သူငယ်ချင်းဖြစ်သူမှ သူ့ရဲ့ လူမှုကွန်ယက်တွင် ဆိုင်ကယ်ခိုးယူသွားတဲ့ ဖြစ်စဉ်အသေးစိတ်ကို မြင်ရတဲ့

CCTV ဗီဒီယိုဖိုင်အား အားလုံးသိရှိစေဖို့ ဖြန့်ဝေပေးထားတာ ဖြစ်ပါတယ်။ သူခိုးသုံးဦးဟာ ခြံထဲရှိ ဆိုင်ကယ်နှစ်စီးကို

တံခါးအသာလေးဖွင့်ပြီး ခိုးယူသွားခဲ့ပြီး သုံးစီးမြောက် ခိုးယူမယ့် အချိန်တွင်အိမ်ရှင်များမှ နိုးလာတဲ့အတွက် အပြင်မှာ

ပစ်ချခဲ့ပြီး ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ ဆိုင်ကယ်နှစ်စီးမှာ 2019 model click ဘီးအမျိုးအစား ဖြစ်ပြီး

လာရောင်းခဲ့သည်ရှိပါက ပိုင်ရှင်ထံ ကူညီပြီး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

ဒီကာလမှာ ခိုးဆိုးလုယက်မှုတွေများစွာရှိနေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့ လိုအပ်လှပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ အခုလို ခိုးယူမှုတွေ မဖြစ်ရအောင် CCTV ကင်မရာများ တပ်ဆင်ထားဖို့လည်းအရေးကြီးလှပါတယ်။

အားလုံးလည်း သိရှိနိုင်စေဖို့ မနက်အစောကြီး ခြံတံခါးကို အသာလေးဖွင့်ကာ ဆိုင်ကယ်တွေကို စိတ်ကြိုက်ခိုးယူသွားခဲ့ကြတဲ့

အမျိုးသားနှစ်ဦးရဲ့CCTV ဗီဒီယိုဖိုင်ကို တင်ဆက်ပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *