တို-က်ပွဲပြင်းထန်နေသည့် ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး လ-က်န-က်ချ အဖ-မ်းခံ
|တိုက်ပွဲပြင်းထန်နေသည့် ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်ချ အဖမ်းခံ
ကသာ- ဇန်နဝါရီ ၂၁၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးဖြစ်ပွါးနေသော တိုက်ပွဲတွင် စစ်ကောင်စီတပ်မ ( ၇၇ ) မှ တပ်ဖွဲ့ဝင် ၁၅ဦး ယမန်နေ့က လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် လက်နက်ချအဖမ်းခံခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။
“သူတို့ဘက်က ၁၅ယောက် လက်နက်ချတာကမှန်တယ်။ လေးငါးရှစ်ယောက်လောက်ပဲ ကျန်တာကို ကျွန်တော်တို့အဖွဲ့က အကုန်တက်သိမ်းဖို့လုပ်တဲ့အခါ လေကြောင်းပစ်ကူ တအားသုံးသွားတဲ့အတွက် ကျွန်တော်တို့အကုန် ပြန်ဆုတ်ပေးလိုက်ရတယ် ” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ယမန်နေ့ နေ့လယ်က ရဟတ်ယာဉ်ဖြင့် လူ၊ လက်နက်နှင့် ရိက္ခာအင်အား ထပ်မံဖြည့်တင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“တအားကို ကြဲနေတာ အဲ့ဘက်မှာ နေရာလွတ်တောင် ရှိတော့မှာ မဟုတ်ဘူး။ အကြီးအကျယ်ကြီးကို ကြဲနေတာ ဘယ်နေရာတွေ ကြဲလို့ကြဲနေမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ကသာမြို့နယ်သို့ ဦးတည်ပြီး ရွှေကူမြို့နှင့် ဗန်းမော်မြို့မှ စစ်ကောင်စီ စစ်ကြောင်းများ ချီတက်လာကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးသားလေးတိုက်နယ်အတွင်းရှိ ဆိပ်သာကျေးရွာနှင့် နမ့်ဆန်ကျေးရွာမှ စာသင်ကျောင်းနှင့် နေအိမ်အချို့ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ပွဲတွင် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ )၊ မြို့လှ KPDF တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
သုံးရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဗျူဟာမှူး အပါအဝင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိပြီး လက်ရှိအချိန်ထိ မိုးတားလေးတိုက်နယ် အတွင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း – ယုစံ
တိုက္ပြဲျပင္းထန္ေနသည့္ ကသာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၅ ဦး လက္နက္ခ် အဖမ္းခံ
ကသာ- ဇန္နဝါရီ ၂၁၊ ၂၀၂၃။
စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕နယ္ မိုးတားေလးေက်းရြာအနီးျဖစ္ပြါးေနေသာ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မ ( ၇၇ ) မွ တပ္ဖြဲ႕ဝင္ ၁၅ဦး ယမန္ေန႔က လက္နက္ခ် အဖမ္းခံခဲ့ေၾကာင္း သိရသည္။
စစ္ေကာင္စီတပ္ႏွင့္ ကသာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕တို႔ၾကား ျဖစ္ပြားေနေသာ တိုက္ပြဲတြင္ လက္နက္ခ်အဖမ္းခံခဲ့ျခင္းျဖစ္ၿပီး လက္နက္ခဲယမ္းမ်ားလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း ေျမျပင္ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္တစ္ဦးက The 74 Media ကို ေျပာသည္။
“သူတို႔ဘက္က ၁၅ေယာက္ လက္နက္ခ်တာကမွန္တယ္။ ေလးငါးရွစ္ေယာက္ေလာက္ပဲ က်န္တာကို ကၽြန္ေတာ္တို႔အဖြဲ႕က အကုန္တက္သိမ္းဖို႔လုပ္တဲ့အခါ ေလေၾကာင္းပစ္ကူ တအားသုံးသြားတဲ့အတြက္ ကၽြန္ေတာ္တို႔အကုန္ ျပန္ဆုတ္ေပးလိုက္ရတယ္ ” ဟုေျပာသည္။
တိုက္ပြဲျဖစ္ပြားသည့္ေနရာသို႔ ယမန္ေန႔ ေန႔လယ္က ရဟတ္ယာဥ္ျဖင့္ လူ၊ လက္နက္ႏွင့္ ရိကၡာအင္အား ထပ္မံျဖည့္တင္းမႈမ်ား ျပဳလုပ္ခဲ့သည့္အျပင္ ေလေၾကာင္းတိုက္ခိုက္မႈ ငါးႀကိမ္ထက္မနည္း ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
“တအားကို ၾကဲေနတာ အဲ့ဘက္မွာ ေနရာလြတ္ေတာင္ ရွိေတာ့မွာ မဟုတ္ဘူး။ အႀကီးအက်ယ္ႀကီးကို ၾကဲေနတာ ဘယ္ေနရာေတြ ၾကဲလို႔ၾကဲေနမွန္းေတာင္ မသိေတာ့ဘူး” ဟုေျပာသည္။
လက္ရွိ တိုက္ပြဲျဖစ္ပြားရာ ကသာၿမိဳ႕နယ္သို႔ ဦးတည္ၿပီး ေရႊကူၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕မွ စစ္ေကာင္စီ စစ္ေၾကာင္းမ်ား ခ်ီတက္လာေၾကာင္း သိရသည္။
ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ မိုးသားေလးတိုက္နယ္အတြင္းရွိ ဆိပ္သာေက်းရြာႏွင့္ နမ့္ဆန္ေက်းရြာမွ စာသင္ေက်ာင္းႏွင့္ ေနအိမ္အခ်ိဳ႕ ပ်က္စီးခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါတိုက္ပြဲတြင္ ကသာၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ( ပ.က.ဖ )၊ ၿမိဳ႕လွ KPDF တပ္ဖြဲ႕ႏွင့္ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး ( ABSDF) တို႔ ပါဝင္တိုက္ခိုက္ေနေၾကာင္း သိရသည္။
သုံးရက္တာ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲတြင္ စစ္ေကာင္စီဗ်ဴဟာမႉး အပါအဝင္ ႏွစ္ဖက္ထိခိုက္က်ဆုံးမႈမ်ားရွိၿပီး လက္ရွိအခ်ိန္ထိ မိုးတားေလးတိုက္နယ္ အတြင္းတြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။
သတင္း – ယုစံ