
ရန်ကုန်၊ သြဂုတ် ၇







ကန်ပက်လက်တွင် စစ်ကောင်စီ၏ ရမ်းကားပစ်ခတ်မှုများကြောင့် နှစ်ချင်းဘုရားကျောင်းအပါအဝင် နေအိမ်များ ပျက်စီး
ရန်ကုန်၊ သြဂုတ် ၇

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် သြဂုတ်လ ၆ ရက် ည ၁၁ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်မှ ရမ်းကားပစ်ခတ်မှုများကြောင့် ကန်

ပက်လက် နှစ်ခြင်းဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

“လူနေအိမ်နားတွေကို လာပြီး ပစ်တာ၊ အိမ်ထဲမှာ လူရှိမှန်းသိလျက်နဲ့ သဲသဲမဲကို ပစ်တာ အိမ်တွေလည်း အပေါက်တွေဖြစ်၊ ထမင်းဟင်းချက်တဲ့

အိုးတွေလည်း အပေါက်တွေ ဖြစ်ကုန်တယ်” ဟု ကန်ပက်လက်မြို့ခံတစ်ဦးမှ ၎င်း၏လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

ယမန်နေ့ သြဂုတ်လ ၆ ရက်ည ကန်ပက်လက်မြို့တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကျယ်လောင်စွာ ပေါ်ထွက်ခဲ့ပြီး ယင်းမှာ အကြမ်းဖက်

စစ်ကောင်စီမှ တဖက်သတ်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ကန်ပက်လက် CDF နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်

သတင်းရင်းမြစ်များထံမှ သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *