ထွက်ပြေးရဲ၂ ဦးကို ပတ်ရှာနေတဲ့ စကစအဖွဲ့နဲ့ ၀င်တိုးမိတဲ့ ဈေးသည်လင်မယား
|စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင်
စိုက်ပျိုးရေး ဆေးရောင်းသည့် ကိုမောင်အေးနှင့် မနွဲ့နွဲ့တို့ လင်မယားကို
အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ည ၈နာရီဝန်းကျင် စစ်ကိုင်းတိုင်း ရွှေဘို ခရိုင် ခင်ဦးမြို့နယ်တွင် ဗအိုးရွာဘက်မှ စိုက်ပျိုးရေး
ဆေးရောင်းပြီး ပြန်လာသော ကိုမောင်အေးနှင့် မနွဲ့နွဲ့တို့ လင်မယားကို ခင်ဦးနှင့် ကံသာယာကြား
တံတားလိန်အနီးတွင် အကြမ်း ဖက် စစ်ကောင်စီတပ်များက ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ကိုမောင်အေးတို့လင်မယားသည် ဗအိုးရွာသို့ စိုက်ပျိုးရေး ဆေး သွားရောင်းပြီး ကံသစ်ရွာသို့
အပြန်လမ်း ခင်ဦးမြို့နှင့် ကံသာယာရွာကြားတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊
အလောင်းများကို စစ်ကောင်စီတပ်သားများက ခင်ဦးဆေးရုံသို့ သယ်ဆောင်သွားပြီး
သက်ဆိုင်သူမိသားစုများကို ဆေးရုံသို့ လာသယ်ခိုင်းကြောင်း၊ေ သဆုံးသူ လင်မယားတွင်
သုံးနှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ရစ်ကြောင်း သိရှိရသည်။
“ခင်ဦး မှာ မနေ့က ရဲ ၂ ဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးတယ်။
အဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဦး တစ်မြို့နယ်လုံး ညက မီးဖြတ်ပြီး စစ်ခွေးတွေက ပတ် ပတ် လည်
လိုက်ရှာပြီးမွှေနေကြပါတယ်
အဲဒီမှာ ဈေးသည်လင်မယားက စစ်ကောင်စီတပ်နဲ့ တွေ့ပြီးတော့ စစ်ခွေးတွေက သေနတ်နဲ့
ယောကျားလုပ်သူကို ပစ်တယ်။
မိန်းမလုပ်သူက ထွက်ပြေးတော့ မိန်းမလုပ်သူပါ ပစ်သတ်လို့
နေရာမှာတင်ပွဲ ချင်းပြီး သေဆုံးသွားကြတယ်။ သေနတ်ပစ်တဲ့ခွေးတွေက မူးရူးသောက်
စားထားတယ်လို့သိရပါတယ်။
ဈေးသည် လင်မယားရဲ့ ပိုက်ဆံ ၁၄ သိန်းကို လည်းစစ်ခွေးတွေ ယူသွားတယ်။
သေဆုံးသွားတဲ့ လင်မယားမှာ ၃ နှစ်အရွယ် သမီးတစ်ယောက် ကျန်ခဲ့ပါတယ်။
အမျိုးသားကနဖူးကျည်ပေါက်ဒဏ်ရာ၊ အမျိုးသမီးကဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ ဆုံးပါတယ်” ဟု
ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓါတ်ပုံကို ဇူဇူက ခွင့်မပြု လို့ ထည်မရတာ ခွင့်လွတ်ကြပါ
crd–