
****************
—————–
ဒီးမော့ဆို မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်တိုက်နေ
****************
ကရင်နီတပ်မတော် (KA) ဦးဆောင်သည့် KNDF, KGZ, PDF တို့ ပူးပေါင်းတပ်ဖွဲ့သည် ဒီးမော့ဆို မြို့မရဲစခန်းကို ညနေ ၆ နာရီကျော်ကစတင်ကာ ဝင်ရောက်တိုက်ခိုက်နေကြောင်း KNDF တပ်ရင်း (၁၉) မှ သတင်းထုတ်ပြန်သည်။
သတင်းရေးသားချိန် ည ၈ နာရီထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပြီး ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ကယားပြည်နယ်ထဲတွင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်က လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့နယ်အကြား ‌ဒေါပိုးစီကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်crd-

Add a Comment

Your email address will not be published. Required fields are marked *