|နန်းဖဲကျေးရွာ ဒေသခံများထံမှ စစ်ကောင်စီတပ်များ ပစ္စည်းနဲ့ ငွေများလုယက် (ရုပ်/သံ)
ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၁
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အတွင်းက နန်းဖဲကျေးရွာ ဒေသခံ တွေကို အကြမ်းဖက်ရိုက်နှက်ကာ ပစ္စည်းတွေနဲ့
ငွေသားတွေကိုလည်း လုယူသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ပြောပါတယ်။
ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တပ်တွေ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ
သြဂုတ်လ ၃ ရက်က တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့စဉ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒေသခံတွေအပေါ် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါ တယ်။
မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ၊ ကား သုံးစီး မီးလောင် ပျက်စီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
ဧရာဝတီ၊ ဩဂုတ် ၄၊ ၂၀၂၁