ပုလဲၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးေျပာက္က်ားအဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္၊ လဲကန္ေက်းရြာနဲ႔ ဝက္က်ေက်းရြာၾကားမွာ စက္တင္ဘာ ၃ ရက္ ညေန ၆ နာရီေက်ာ္ေလာက္မွာ စစ္ေကာင္စီတပ္နဲ႔ ပုလဲျပည္သူ႔ကာကြယ္ေရး ေျပာက္က်ားအဖြဲ႕တို႔ တိုက္ပြဲ ျပင္းထန္ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ၇ ေယာက္ထက္မနည္း က်ဆုံးတယ္လို႔ သိရပါတယ္။

ပုလဲျပည္သူ႔ကာကြယ္ေရးေျပာက္က်ားအဖြဲ႕ ေခါင္းေဆာင္တဦးက “တိုက္ပြဲျဖစ္တာက ဟုတ္တယ္ဗ်။ ဒီေကာင္ေတြ ေက်းရြာေတြကို စစ္ေၾကာင္း ႏွစ္ေၾကာင္း ထိုးတာ။

ပထမေရွ႕ေျပးအဖြဲ႕ကို က်ေနာ္တို႔က မိုင္းခြဲတိုက္ခိုက္တာ ၇ ေယာက္ထက္မနည္း က်ဆုံးေလာက္တယ္။ အင္အား ၃၀ ေလာက္ ရွိမယ္။ ေက်းရြာေတြက အျပစ္မဲ့ျပည္သူေတြရဲ့ တန္ေၾကးရွိတဲ့ ဆိုင္ကယ္ေတြယူၿပီး ပုလဲ၊ ဂန႔္ေဂါသြား ကားလမ္း ၅၅ မိုင္ဂိတ္ကို ျပန္တာ။

တဖြဲ႕က ဝက္က် ေဆး႐ုံမွာ တပ္စြဲ ေနာက္ခ်န္ေနခဲ့တာလည္း ရွိေသးတယ္။ ဒီတိုက္ပြဲမွာက က်ေနာ္တို႔ PDF ဘက္က အက်အဆုံး မရွိခဲ့ဘူး။ က်ေနာ္တို႔ဘက္က ေျပာက္က်ားတိုက္ခိုက္တာ” လို႔ ေျပာပါတယ္။

ပုလဲၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြက  ေန႔စဥ္ေန႔တိုင္း ဝင္ေရာက္ရွာေဖြမႈေတြ ျပဳလုပ္ကာ အျပစ္မဲ့ ျပည္သူေတြကို ဖမ္းဆီးသတ္ျဖတ္ၿပီး တန္ေၾကးရွိတဲ့ လက္ဝတ္ရတနာနဲ႔ ေငြေၾကးေတြအျပင္ တန္ေၾကးရွိ ဆိုင္ကယ္ေတြကိုပါ ယူေဆာင္သြားၾကပါတယ္။

————–

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ လဲကန်ကျေးရွာနဲ့ ဝက်ကျကျေးရွာကြားမှာ စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူ့ကာကွယ်ရေး ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်ထက်မနည်း ကျဆုံးတယ်လို့ သိရပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့ ခေါင်းဆောင်တဦးက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်ဗျ။ ဒီကောင်တွေ ကျေးရွာတွေကို စစ်ကြောင်း နှစ်ကြောင်း ထိုးတာ။

ပထမရှေ့ပြေးအဖွဲ့ကို ကျနော်တို့က မိုင်းခွဲတိုက်ခိုက်တာ ၇ ယောက်ထက်မနည်း ကျဆုံးလောက်တယ်။ အင်အား ၃၀ လောက် ရှိမယ်။ ကျေးရွာတွေက အပြစ်မဲ့ပြည်သူတွေရဲ့ တန်ကြေးရှိတဲ့ ဆိုင်ကယ်တွေယူပြီး ပုလဲ၊ ဂန့်ဂေါသွား ကားလမ်း ၅၅ မိုင်ဂိတ်ကို ပြန်တာ။

တဖွဲ့က ဝက်ကျ ဆေးရုံမှာ တပ်စွဲ နောက်ချန်နေခဲ့တာလည်း ရှိသေးတယ်။ ဒီတိုက်ပွဲမှာက ကျနော်တို့ PDF ဘက်က အကျအဆုံး မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ပြောက်ကျားတိုက်ခိုက်တာ” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေက  နေ့စဉ်နေ့တိုင်း ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ကာ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး တန်ကြေးရှိတဲ့ လက်ဝတ်ရတနာနဲ့ ငွေကြေးတွေအပြင် တန်ကြေးရှိ ဆိုင်ကယ်တွေကိုပါ ယူဆောင်သွားကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *