ဖယ္ခုံၿမိဳ႕နယ္၊ ဘီသူ (အထက္) ေက်းရြာအနီး စစ္ေကာင္စီႏွင့္ ကရင္နီတပ္ဖြဲ႕မ်ားတိုက္ပြဲျဖစ္၊ စစ္ေကာင္စီမွ ၃ ဦး ေသ
|ဖယ္ခုံၿမိဳ႕နယ္၊ ဘီသူ (အထက္) ေက်းရြာအနီး စစ္ေကာင္စီႏွင့္ ကရင္နီတပ္ဖြဲ႕မ်ားတိုက္ပြဲျဖစ္၊ စစ္ေကာင္စီမွ ၃ ဦး ေသ
ရန္ကုန္၊ ၾသဂုတ္ ၄
ရွမ္း-ကယားနယ္စပ္၊ ဖယ္ခုံၿမိဳ႕နယ္အတြင္းရွိ ဘီသူ (အထက္)ေက်းရြာႏွင့္ ခူးပရာေတာင္ၾကားတြင္ ထိုးစစ္ဆင္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ကရင္နီတ
ပ္မေတာ္ KA, KNDF ပူးေပါင္းတပ္မ်ားၾကား ၾသဂုတ္လ ၄ ရက္ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္ခန႔္တြင္ တိုက္ပြဲျဖစ္ပြားၿပီး စစ္ေကာင္စီဘက္မွ ၃ ဦး ေသဆုံးေၾကာင္း ကရင္နီ
အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။
အၾကမ္းဖက္စစ္ေကာင္စီ တပ္မ ၆၆ မွ ခန႔္မွန္းအင္အား ၁၂၀ ခန႔္သည္ ဖ႐ူးဆိုးၿမိဳ႕ အေနာက္ဘက္ျခမ္းရွိ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ရန္ စ
စ္ေၾကာင္းထိုးလာစဥ္ ထိေတြ႕မႈျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ကရင္နီပူးေပါင္းတပ္ဖြဲ႕ဘက္မွ က်ဆုံးမႈမရွိေၾကာင္း သိရသည္။
ထို႔ျပင္ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ယပ္ခူေက်းရြာအတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား အင္အားအမ်ားအျပားျဖင့္ တပ္စြဲထားၿပီး တိုက္ပြဲျဖစ္ပြားရာ ဘီသူ(အထက္) ေက်း
ရြာသို႔ စစ္ကူျဖည့္တင္းမည့္ အေျခအေနတြင္ ရွိေနေၾကာင္း၊ ကရင္နီပူးေပါင္းတပ္ဖြဲ႕မ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားကို အျမစ္ျပတ္ေခ်မႈန္းသြားမည္ျဖ
စ္ေၾကာင္း KNDF မွ ယေန႔ ထုတ္ျပန္ထားသည္။
ဖယ်ခုံမြို့နယ်၊ ဘီသူ (အထက်) ကျေးရွာအနီး စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များတိုက်ပွဲဖြစ်၊ စစ်ကောင်စီမှ ၃ ဦး သေ
ရန်ကုန်၊ သြဂုတ် ၄
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဘီသူ (အထက်)ကျေးရွာနှင့် ခူးပရာတောင်ကြားတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီ
တပ်နှင့် ကရင်နီတပ်မတော် KA, KNDF ပူးပေါင်းတပ်များကြား သြဂုတ်လ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ
၃ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ တပ်မ ၆၆ မှ ခန့်မှန်းအင်အား ၁၂၀ ခန့်သည် ဖရူးဆိုးမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို
တိုက်ခိုက်ရန် စစ်ကြောင်းထိုးလာစဉ် ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိကြောင်း သိရ
သည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားရာ ဘီသူ(အထက်)
ကျေးရွာသို့ စစ်ကူဖြည့်တင်းမည့် အခြေအနေတွင် ရှိနေကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို အမြစ်ပြတ်
ချေမှုန်းသွားမည်ဖြစ်ကြောင်း KNDF မှ ယနေ့ ထုတ်ပြန်ထားသည်။