ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္မွတရားဝင္ ဖိတ္ေခၚ

ျပည္သူႏွင့္ လာေရာက္ပူးေပါင္းေသာ တပ္မေတာ္သားမ်ားကို စားဝတ္ေနေရး၊ လုံျခဳံေရး အာမခံၿပီး လက္နက္အျပည့္အစုံပါလၽွင္ ဆုေငြ ထိုက္တန္စြာ ခ်ီးျမႇင့္မည္
ရန္ကုန္၊ စက္တင္ဘာ ၅

လက္နက္အျပည့္အစုံျဖင့္ ျပည္သူလူထုႏွင့္ လာေရာက္ပူးေပါင္းေသာ တပ္မေတာ္သားမ်ားကို လုံျခဳံေရးအာမခံၿပီး ဆုေငြ ထိုက္တန္စြာ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္- ဖယ္ခုံ (PDF-Pekhon) က စက္တင္ဘာလ ၅ ရက္ေန႔တြင္ တရားဝင္ ဖိတ္ေခၚ ကမ္းလွမ္းလိုက္သည္။

မင္းေအာင္လွိုင္ႏွင့္ အေပါင္းအပါ လူတစ္စုသည္ ျပည္သူ႔တပ္မေတာ္သားမ်ားအေပၚတြင္ ခြဲျခားဆက္ဆံမႈ ျပဳျခင္း၊ ေခါင္းပုံျဖတ္ ေသြးစုပ္ ျခယ္လွယ္ျခင္း၊ မတရားေစခိုင္းျခင္းမ်ား လုပ္ေဆာင္ေနၿပီး စစ္အာဏာရွင္စနစ္ကို ျပည္သူလူထု တစ္ရပ္ႏွင့္အတူ တြန္းလွန္ေတာ္လွန္ရန္ ျပည္သူ႔ တပ္မေတာ္သားမ်ားကို ဖိတ္ေခၚေၾကာင္း ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္က ေျပာဆိုသည္။

ျပည္သူႏွင့္ ပူးေပါင္းေသာ တပ္မေတာ္သားမ်ားကို လုံျခဳံေရး၊ စားဝတ္ေနေရး တာဝန္ယူမည္ျဖစ္ၿပီး လက္နက္ခဲယမ္းမ်ားႏွင့္ လာေရာက္ပူးေပါင္းပါက ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္မည္ျဖစ္ေၾကာင္း၊အခ်ိန္မီ ျပည္သူ႔ဘက္တြင္ ရပ္တည္ၿပီး ပူးေပါင္းပါဝင္ၾကရန္ ႏွိုးေဆာ္ေၾကာင္း ဖယ္ခုံ ျပည္သူ႔ကာကြယ္ေရးတပ္၏ ေၾကညာကမ္းလွမ္းခ်က္တြင္ ေဖာ္ျပထားသည္။

—————-

ပြည်သူနှင့် လာရောက်ပူးပေါင်းသော တပ်မတော်သားများကို စားဝတ်နေရေး၊ လုံခြုံရေး အာမခံပြီး လက်နက်အပြည့်အစုံပါလျှင် ဆုငွေ ထိုက်တန်စွာ ချီးမြှင့်မည်ရန်ကုန်၊ စက်တင်ဘာ ၅

လက်နက်အပြည့်အစုံဖြင့် ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းသော တပ်မတော်သားများကို လုံခြုံရေးအာမခံပြီး ဆုငွေ ထိုက်တန်စွာ ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဖယ်ခုံ (PDF-Pekhon) က စက်တင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ဖိတ်ခေါ် ကမ်းလှမ်းလိုက်သည်။

မင်းအောင်လှိုင်နှင့် အပေါင်းအပါ လူတစ်စုသည် ပြည်သူ့တပ်မတော်သားများအပေါ်တွင် ခွဲခြားဆက်ဆံမှု ပြုခြင်း၊ ခေါင်းပုံဖြတ် သွေးစုပ် ခြယ်လှယ်ခြင်း၊ မတရားစေခိုင်းခြင်းများ လုပ်ဆောင်နေပြီး စစ်အာဏာရှင်စနစ်ကို ပြည်သူလူထု တစ်ရပ်နှင့်အတူ တွန်းလှန်တော်လှန်ရန် ပြည်သူ့ တပ်မတော်သားများကို ဖိတ်ခေါ်ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုသည်။

ပြည်သူနှင့် ပူးပေါင်းသော တပ်မတော်သားများကို လုံခြုံရေး၊ စားဝတ်နေရေး တာဝန်ယူမည်ဖြစ်ပြီး လက်နက်ခဲယမ်းများနှင့် လာရောက်ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ချီးမြှင့်ငွေများ ပေးအပ်မည်ဖြစ်ကြောင်း၊အချိန်မီ ပြည်သူ့ဘက်တွင် ရပ်တည်ပြီး ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်၏ ကြေညာကမ်းလှမ်းချက်တွင် ဖော်ပြထားသည်။

Add a Comment

Your email address will not be published. Required fields are marked *