ဗမာစကားမပီကလာပီကလာလေးနဲ့ ပြောလိုက်တဲ့ KNU စစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းသာပျော်ရွှင်သွားရတဲ့ CDM ဆရာ၊ဆရာမများ
|CDM ဆရာမများရှိရာ ရွာလေးဆီသို့ လုံခြုံရေးအတွက် KNU မှပတ်ကင်းလှည့်မိသောအခါ
ဗမာစကားမပီကလာပီကလာလေးနဲ့ ပြောလိုက်တဲ့ KNU စစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းသာပျော်ရွှင်သွားရတဲ့ CDM ဆရာ၊ဆရာမများ
အခုချိန်မှာတော့ ပြည်သူလူထုက သူတို့အတွက် အသက်ကိုတောင်ပေးပြီးကာကွယ်စောင့်ရှောက်ပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အရမ်းကျေး
ဇူးတင်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတွေက PDF လူငယ်လေးတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။
လက်ရှိမှာဆိုရင် KNUတပ်အဖွဲ့ကလည်း ပြည်သူတွေဘက်မှာရှိပေးပြီး သူတို့ဆီရောက်လာတဲ့သူတွေကို လုံခြုံစွာထားပေးကြတာဖြစ်ပါတယ်။
အလုပ်မှရပ်နားလိုက်ကြတဲ့ တချို့ CDM ဆရာ/ဆရာမတွေ နေထိုင်တဲ့ ရွာလေးကိုလည်း KNU အဖွဲ့မှ သွားရောက်ပြီး လုံခြုံရေးအတွက်
ကင်းလှည့်ပေးခဲ့တာဖြစ်ပါတယ်။ကင်းလှည့်ရင်းနဲ့ ခဏရပ်နားနေကြချိန်မှာ ဆရာ၊ဆရာမတွေက အထုပ်ကိုယ်စီကိုင်ပြီး
အိမ်ပေါ်ကနေပြေးဆင်းလာကြတာဖြစ်ပါတယ်။ဆရာ၊ဆရာမတွေက KNU ကင်းလှည့်တပ်ခွဲမှူးထံခွင့်တောင်းပြီး KNU
စစ်သားလေးများကို မုန့်များ၊အချိုရည်ဘူးများ အလုအယက်ဝေငှပေးခဲ့တာဖြစ်ပါတယ်။
KNU စစ်သားလေးတစ်ယောက်ဆိုရင် ဗမာစကားမပီကလာပီကလာလေးနဲ့ ” ငါတို့က ပြည်သူချစ်တာကို လိုချင်လို့ KNU စစ်သားလုပ်နေတာ၊
အခုလိုပြည်သူတွေက ငါတို့ကိုချစ်ကြလို့ ငါဝမ်းသာတယ် ” ဆိုပြီး ပြောလိုက်တာကြောင့် ဆရာ၊ဆရာမတွေလည်း ပျော်ရွှင်ဝမ်းသာသွားကြတာဖြစ်ပါတယ်။
အခုလိုမျိုး ပြည်သူတွေရဲ့ ချစ်ခင်မှုကိုရရှိလို့ ဝမ်းသာနေတဲ့ KNU စစ်သားလေးရဲ့ စိတ်ထားက အရမ်းလေးစားဖို့ကောင်းပါတယ်။အခုချိန်မှာ ပြည်သူတွေဘက်
မှာရှိနေပေးတဲ့ တပ်ဖွဲ့အကုန်လုံးကို ကျေးဇူးတင်မိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။