ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားတဲ့ ခ်စ္ခင္ပြန္းကုသိုလ္ရေစဖို႔ သူ႔ဓာတ္ပုံေလးကိုေဘးမွာခ်ထားၿပီး ေရစက္သြန္းခ် အမၽွေပးေဝခဲ့တဲ့ ေရႊရည္သိန္းတန္

အဆိုေတာ္ ေရႊရည္သိန္းတန္ဟာ မၾကာေသးခင္ ရက္ပိုင္းေလာက္က ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သြားတဲ့ ခင္ပြန္းျဖစ္သူအတြက္ ေျဖမဆည္နိုင္ေအာင္ ဝမ္းန

ည္းေၾကကြဲေနတာ ျဖစ္ပါတယ္။ ဘဝထဲကေန အခုလို ႐ုတ္တရက္ ခြဲခြာသြားတဲ့အတြက္ ဘယ္လိုမွ မယုံနိုင္ေသးတဲ့ အေျခအေန ျဖစ္ေနဆဲ ျဖစ္ပါတယ္။ ခင္ပြ

န္းနဲ႔ပတ္သက္ၿပီး ဝမ္းနည္းခံစားေနရတာေတြကိုလည္း သူမရဲ့ လူမႈကြန္ယက္မွတစ္ဆင့္ ေရးသားေဝမၽွထားတာကိုလည္း ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရပါတ

ယ္။မေန႔ကေတာ့ ေရႊရည္သိန္းတန္ရဲ့ ခင္ပြန္း ကြယ္လြန္သြားတာ တစ္ပတ္တိတိျပည့္ေျမာက္ခဲ့ၿပီ ျဖစ္တာေၾကာင့္ေနအိမ္မွာေရာ သူကိုယ္တိုင္ တည္ထားတဲ့

ဘုရားမွာပါ ကုသိုလ္ေကာင္းမႈေတြ တစ္ဝႀကီး လုပ္ေပးထားေၾကာင္းေရးသားထားပါတယ္။ သူမျပဳလုပ္တဲ့ ကုသိုလ္မွန္သမၽွကို ခင္ပြန္းျဖစ္သူႏွင့္တကြ ခ်စ္ခင္ရ

င္းႏွီးရတဲ့ အျခားေသာမိသားစုဝင္မ်ားလည္း ထပ္တူရၿပီး ေရာဂါကင္းကြာ ခ်မ္းသာၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သထားတာ ျဖစ္ပါတယ္။ ေရႊရည္သိန္းတန္

တင္ထားတဲ့ ပို႔စ္ေအာက္တြင္လည္း သူမျပဳသမၽွ ကုသိုလ္ေတြအားလုံး ဘဝတစ္ပါးသို႔ကူးေျပာင္းသြားတဲ့ ကိုေနလ အျပည့္အဝရရွိၿပီး သာဓုေခၚဆိုနိုင္မွာျဖစ္ေၾ

ကာင္းကို comment မ်ားတြင္ ေရးသားထားၾကပါတယ္။ အနားကေနအျမဲအတူရွိေနတဲ့ ခ်စ္ခင္ျမတ္နိုးရသူတစ္ေယာက္ ဆုံးရႈံးလိုက္ရတဲ့ခံစားခ်က္ဟာ ဘယ္

သူမွႏွစ္သိမ့္ေပးလို႔ ရနိုင္မွာ မဟုတ္ပါဘူး။ ကြယ္လြန္သြားၿပီျဖစ္တဲ့ ကိုေနလတစ္ေယာက္ သူ႔ရဲ့ခ်စ္ဇနီး ျပဳလုပ္ေပးတဲ့ကုသိုလ္ေကာင္းမႈေတြအားလုံးကို ေရာက္

ရာဘုံဘဝကေန သာဓုေခၚဆိုနိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကိုတင္ဆက္ေပးလိုက္ ရပါတယ္။

အဆိုတော် ရွှေရည်သိန်းတန်ဟာ မကြာသေးခင် ရက်ပိုင်းလောက်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ဖြေမဆည်နိုင်အောင်

ဝမ်းနည်းကြေကွဲနေတာ ဖြစ်ပါတယ်။ ဘဝထဲကနေ အခုလို ရုတ်တရက် ခွဲခွာသွားတဲ့အတွက် ဘယ်လိုမှ မယုံနိုင်သေးတဲ့ အခြေအနေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ခင်ပွန်းနဲ့ပတ်သက်ပြီး ဝမ်းနည်းခံစားနေရတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဝေမျှထားတာကိုလည်း ဝမ်းနည်းစွာဖြင့်

မြင်တွေ့နေရပါတယ်။မနေ့ကတော့ ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်း ကွယ်လွန်သွားတာ တစ်ပတ်တိတိပြည့်မြောက်ခဲ့ပြီ ဖြစ်တာကြောင့်နေအိမ်မှာရော သူ

ကိုယ်တိုင် တည်ထားတဲ့ဘုရားမှာပါ ကုသိုလ်ကောင်းမှုတွေ တစ်ဝကြီး လုပ်ပေးထားကြောင်းရေးသားထားပါတယ်။ သူမပြုလုပ်တဲ့ ကုသိုလ်မှန်

သမျှကို ခင်ပွန်းဖြစ်သူနှင့်တကွ ချစ်ခင်ရင်းနှီးရတဲ့ အခြားသောမိသားစုဝင်များလည်း ထပ်တူရပြီး ရောဂါကင်းကွာ ချမ်းသာကြပါစေလို့

ဆုတောင်းမေတ္တာပို့သထားတာ ဖြစ်ပါတယ်။ ရွှေရည်သိန်းတန်တင်ထားတဲ့ ပို့စ်အောက်တွင်လည်း သူမပြုသမျှ ကုသိုလ်တွေအားလုံး ဘဝတစ်ပါး

သို့ကူးပြောင်းသွားတဲ့ ကိုနေလ အပြည့်အဝရရှိပြီး သာဓုခေါ်ဆိုနိုင်မှာဖြစ်ေြကာင်းကို comment များတွင် ရေးသားထားကြပါတယ်။ အနားကနေအမြဲ

အတူရှိနေတဲ့ ချစ်ခင်မြတ်နိုးရသူတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ဟာ ဘယ်သူမှနှစ်သိမ့်ပေးလို့ ရနိုင်မှာ မဟုတ်ပါဘူး။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေလတစ်ယောက် သူ့ရဲ့ချစ်ဇနီး ပြုလုပ်ပေးတဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ

လို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *