ဘုတလင္ၿမိဳ႕နယ္တြင္ မိုင္တဲတာဝါတိုင္ ၆ တိုင္က စက္ ၆ လုံး ဖ်က္ဆီးခံရ(ရုပ္သံ)
|စစ္ကိုင္းတိုင္း၊ ဘုတလင္ၿမိဳ႕နယ္အတြင္း MYTEL TOWER တိုင္ ၆ တိုင္ကစက္ ၆ လုံးကို စက္တင္ဘာ ၇ ရက္ေန႔ ေန႔လယ္ ၁ နာရီေလာက္မွာ အမည္မသိအဖြဲ႕စည္းတခုက တစ္ၿပိဳင္တည္း ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။
ကူေတာ္ရြာေဘးက တစ္တိုင္၊ အင္းတဲလမ္းေဘးက တစ္တိုင္၊ ယုန္ေလးကုန္းရြာေဘးက တစ္တိုင္၊ လြဲတဲရြာေဘးက တစ္တိုင္၊ ငပယင္းရြာေဘးက တစ္တိုင္နဲ႔ မုံရြာ-ေရဦး ကားလမ္းအနီး ေတာင္ကလပ္ဘုန္းေတာ္ႀကီးေက်ာင္း အနီးကတစ္တိုင္ စုစုေပါင္း ၆ တိုင္ကို ဖ်က္ဆီး မီးရွို႔သြားတာလို႔ ေဒသခံတဦးက ေျပာပါတယ္။
“ဘယ္အဖြဲ႕က ဖ်က္ဆီးတယ္ဆိုတာ မသိရဘူး။ တိုင္ေျခရင္းမွာ မိုင္းေထာင္ဖ်က္ဆီးတာေတြလုပ္သလို၊ စက္ပုံးေတြနဲ႔ ေကဘယ္လ္ႀကိဳးေတြ ဖ်က္ပစ္တာေတြလည္း ရွိတယ္။ အခုလို ဖ်က္ဆီးလို႔ စစ္ေကာင္စီက က်ေနာ္တို႔ရြာေတြက ေဒသခံေတြ ဖမ္းဆီးႏွိပ္စက္ခံရမွာလည္း ေၾကာက္ရေသးတယ္ဗ်။ ေျပာရရင္ဗ်ာ ဟိုလည္း ေၾကာက္ရ၊ ဒီလည္းေၾကာက္ရနဲ႔ ေခတ္ကို ျမန္ျမန္ေကာင္းေစျခင္လွပါၿပီဗ်ာ။”
ဘုတလင္ၿမိဳ႕နယ္အတြင္း အခုလို ဆက္သြယ္ေရးတာဝါတိုင္ကို မီးရွို႔ဖ်က္ဆီးတာ အရင္က မရွိခဲ့ဖူးဘူးလို႔ ေဒသခံေတြဆီကေန သိရပါတယ္။
————-
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း MYTEL TOWER တိုင် ၆ တိုင်ကစက် ၆ လုံးကို စက်တင်ဘာ ၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အမည်မသိအဖွဲ့စည်းတခုက တစ်ပြိုင်တည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူတော်ရွာဘေးက တစ်တိုင်၊ အင်းတဲလမ်းဘေးက တစ်တိုင်၊ ယုန်လေးကုန်းရွာဘေးက တစ်တိုင်၊ လွဲတဲရွာဘေးက တစ်တိုင်၊ ငပယင်းရွာဘေးက တစ်တိုင်နဲ့ မုံရွာ-ရေဦး ကားလမ်းအနီး တောင်ကလပ်ဘုန်းတော်ကြီးကျောင်း အနီးကတစ်တိုင် စုစုပေါင်း ၆ တိုင်ကို ဖျက်ဆီး မီးရှို့သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဘယ်အဖွဲ့က ဖျက်ဆီးတယ်ဆိုတာ မသိရဘူး။ တိုင်ခြေရင်းမှာ မိုင်းထောင်ဖျက်ဆီးတာတွေလုပ်သလို၊ စက်ပုံးတွေနဲ့ ကေဘယ်လ်ကြိုးတွေ ဖျက်ပစ်တာတွေလည်း ရှိတယ်။ အခုလို ဖျက်ဆီးလို့ စစ်ကောင်စီက ကျနော်တို့ရွာတွေက ဒေသခံတွေ ဖမ်းဆီးနှိပ်စက်ခံရမှာလည်း ကြောက်ရသေးတယ်ဗျ။ ပြောရရင်ဗျာ ဟိုလည်း ကြောက်ရ၊ ဒီလည်းကြောက်ရနဲ့ ခေတ်ကို မြန်မြန်ကောင်းစေခြင်လှပါပြီဗျာ။”
ဘုတလင်မြို့နယ်အတွင်း အခုလို ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးတာ အရင်က မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။