မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အခ်က္ ၅ ခ်က္ျဖင့္ ထပ္ဆင့္ ထုတ္ျပန္လိုက္သည္

အမ်ိဳးသားညီညြတ္ေရးအစိုးရမွ အေရးေပၚအေျခအေနေၾကညာၿပီးေနာက္ ျပည္သူမ်ားအေနျဖင့္ လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ ရရာနည္းျဖင့္ စစ္အာဏာရွင္အား ဆန႔္က်င္တြန္းလွန္ရန္ မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွ ထုတ္ျပန္-ရန္ကုန္၊ စက္တင္ဘာ ၇

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG မွ ယေန႔ စက္တင္ဘာလ ၇ ရက္မွ စတင္ကာ နိုင္ငံတဝန္း အေရးေပၚအေျခအေန ေၾကညာလိုက္ၿပီးေနာက္ မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွလည္း ျပည္သူမ်ားအေနျဖင့္ လွည္းေနေလွေအာင္းျမင္းေဇာင္းမက်န္ ရရာနည္းျဖင့္ စစ္အာဏာရွင္အား ဆန႔္က်င္တြန္းလွန္ၾကရန္ ထုတ္ျပန္လိုက္သည္။

ျပည္သူမ်ားအေနျဖင့္ ရရာနည္းျဖင့္တြန္းလွန္ၾကရန္၊ စစ္ေကာင္စီတပ္သားမ်ား non-CDM မ်ား၊ စစ္ေကာင္စီႏွင့္အက်ိဳးတူပူးေပါင္းေနသာ လူပုဂၢိဳလ္မ်ားအေနျဖင့္ ျပည္သူလူထုႏွင့္ တသားတည္း ႁခြင္းခ်က္မရွိ ပူးေပါင္းၾကရန္၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားအေနျဖင့္ ျပည္သူမ်ား ေဘးကင္းေရးအတြက္ စနစ္တက် ပူးေပါင္းစီမံေဆာင္ရြက္ရန္၊

CDF မင္းတပ္အေနျဖင့္ စည္းမ်ဥ္း၊ စည္းကမ္း၊ က်င့္ဝတ္မ်ားအတိုင္း တေသြမတိမ္းေစာင့္ထိန္းၿပီး ဆက္လက္ေတာ္လွန္ၾကရန္၊ ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲ ခရီးသြားလာျခင္းမျပဳရန္၊ အေျခခံစားေသာက္ကုန္မ်ား အတတ္နိုင္ဆုံး စုေဆာင္းထားရန္ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္ တေျပးညီ တိက်စြာ သတင္းေပးကူညီၾကရန္ မင္းတပ္ၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အခ်က္ ၅ ခ်က္ျဖင့္ ထပ္ဆင့္ ထုတ္ျပန္လိုက္သည္။crd-

————

အမျိုးသားညီညွတ်ရေးအစိုးရမှ အရေးပေါ်အခြေအနေကြေညာပြီးနောက် ပြည်သူများအနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာနည်းဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်တွန်းလှန်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်-ရန်ကုန်၊ စက်တင်ဘာ ၇

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ယနေ့ စက်တင်ဘာလ ၇ ရက်မှ စတင်ကာ နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ပြည်သူများအနေဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ရရာနည်းဖြင့် စစ်အာဏာရှင်အား ဆန့်ကျင်တွန်းလှန်ကြရန် ထုတ်ပြန်လိုက်သည်။

ပြည်သူများအနေဖြင့် ရရာနည်းဖြင့်တွန်းလှန်ကြရန်၊ စစ်ကောင်စီတပ်သားများ non-CDM များ၊ စစ်ကောင်စီနှင့်အကျိုးတူပူးပေါင်းနေသာ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထုနှင့် တသားတည်း ခြွင်းချက်မရှိ ပူးပေါင်းကြရန်၊ ပြည်သူ့အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများ ဘေးကင်းရေးအတွက် စနစ်တကျ ပူးပေါင်းစီမံဆောင်ရွက်ရန်၊

CDF မင်းတပ်အနေဖြင့် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များအတိုင်း တသွေမတိမ်းစောင့်ထိန်းပြီး ဆက်လက်တော်လှန်ကြရန်၊ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်၊ အခြေခံစားသောက်ကုန်များ အတတ်နိုင်ဆုံး စုဆောင်းထားရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏

သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ တိကျစွာ သတင်းပေးကူညီကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အချက် ၅ ချက်ဖြင့် ထပ်ဆင့် ထုတ်ပြန်လိုက်သည်။crd-

 

 

Add a Comment

Your email address will not be published. Required fields are marked *