မင္းတပ္ CDF ကို စစ္ေကာင္စီက အင္အားသုံးၿပီး ဖိတိုက္ေန (႐ုပ္/သံ)
|မင္းတပ္ CDF ကို စစ္ေကာင္စီက အင္အားသုံးၿပီး ဖိတိုက္ေန (႐ုပ္/သံ)
ဩဂုတ္ ၁၇၊ ၂၀၂၁
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ထဲမွာ အာဏာသိမ္းစစ္တပ္က ေဒသခံ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕
(Chinland Dedense Force) ကို စစ္သည္နဲ႔ လက္နက္အင္အားေတြ တိုးျမႇင့္ၿပီး
ဖိတိုက္ေနတယ္လို႔ CDF ဘက္က အတည္ျပဳပါတယ္။
တေက်ာ့ျပန္တိုက္ပြဲေတြဟာ ဩဂုတ္ ၁၃ ရက္ေန႔ထဲက ဆက္တိုက္ျဖစ္ပြားေနတာျဖစ္ၿပီး
အင္အားသုံး တိုက္ေနတဲ့ စစ္ေကာင္စီတပ္ေတြဟာ နယ္ေျမကၽြမ္းက်င္တဲ့ CDF ေျပာက္က်ား
တပ္ေတြတိုက္ခိုက္မႈေၾကာင့္ ၂၀ ဦးထက္ မနည္း ေသဆုံးခဲ့ၿပီး CDF ဘက္ကေတာ့ လက္နက္ႀကီးထိလို႔
ဒဏ္ရာရသူကလြဲၿပီး အေသအေပ်ာက္ မရွိဘူးလို႔ ဆိုပါတယ္။
တိုက္ပြဲျဖစ္ပြားေနတဲ့ အနီးအနားမွာရွိတဲ့ ရြာေတြက ေဒသခံေတြ ဟာ ရာသီဥတု ဆိုးရြားေနတဲ့ၾကားမွာဘဲ
အသက္ေဘးလုၿပီး ထြက္ေျပးတိမ္းေရွာင္ေနရၾကရတယ္လို႔ စစ္ေဘးေရွာင္ေတြကို
ကူညီေစာင့္ေရွာက္ေပးတဲ့ ဆလိုင္းခါးထန္က ဆိုပါတယ္။
အင္တာဗ်ဳး/တည္းျဖတ္ – ဧရာဝတီ
မင်းတပ် CDF ကို စစ်ကောင်စီက အင်အားသုံးပြီး ဖိတိုက်နေ (ရုပ်/သံ)
ဩဂုတ် ၁၇၊ ၂၀၂၁
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(Chinland Dedense Force) ကို စစ်သည်နဲ့ လက်နက်အင်အားတွေ တိုးမြှင့်ပြီး
ဖိတိုက်နေတယ်လို့ CDF ဘက်က အတည်ပြုပါတယ်။
တကျော့ပြန်တိုက်ပွဲတွေဟာ ဩဂုတ် ၁၃ ရက်နေ့ထဲက ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး
အင်အားသုံး တိုက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နယ်မြေကျွမ်းကျင်တဲ့ CDF ပြောက်ကျား
တပ်တွေတိုက်ခိုက်မှုကြောင့် ၂၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး CDF ဘက်ကတော့ လက်နက်ကြီးထိလို့
ဒဏ်ရာရသူကလွဲပြီး အသေအပျောက် မရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးအနားမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ဟာ ရာသီဥတု ဆိုးရွားနေတဲ့ကြားမှာဘဲ
အသက်ဘေးလုပြီး ထွက်ပြေးတိမ်းရှောင်နေရကြရတယ်လို့ စစ်ဘေးရှောင်တွေကို
ကူညီစောင့်ရှောက်ပေးတဲ့ ဆလိုင်းခါးထန်က ဆိုပါတယ်။
အင်တာဗျုး/တည်းဖြတ် – ဧရာဝတီ